ယေဇကျေလအနာဂတ္တိကျမ်း 47:10
အင်္ဂေဒိစိမ့်စမ်းမှအစပြု၍ဧနေဂလိမ် စိမ့်စမ်းတိုင်အောင်ပင်လယ်နားတစ်လျှောက် လုံးတွင်ရေလုပ်သားတို့နေထိုင်ကြလျက် မိမိတို့ပိုက်ကွန်များကိုလှန်းကြလိမ့်မည်။ မြေထဲပင်လယ်တွင်တွေ့ရှိရသည့်ငါး အမျိုးမျိုးတို့ကိုဤအရပ်တွင်လည်း တွေ့ရှိရလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 47
Cross References
Numbers 34:6``အနောက်ဘက်နယ်နိမိတ်သည် မြေထဲ ပင်လယ်ကမ်းခြေဖြစ်ရမည်။
Joshua 23:4ငါသည်အရှေ့ဘက်ယော်ဒန်မြစ်မှအနောက် ဘက်မြေထဲပင်လယ်သို့တိုင်အောင် တိုက်ခိုက် သိမ်းယူပြီးသောနိုင်ငံသားအားလုံးနှင့် တကွသိမ်းယူရန် ကျန်ရှိနေသေးသော နိုင်ငံများကိုသင်တို့၏အနွယ်များအား ခွဲဝေသတ်မှတ်ပေးခဲ့ပြီ။-
2 Chronicles 20:2သတင်းပို့သူတို့သည်ယောရှဖတ်မင်းထံလာ ရောက်၍``အင်အားကြီးမားသည့်တပ်ကြီးတစ် တပ်သည်အရှင့်အား တိုက်ခိုက်ရန်ပင်လယ်သေ တစ်ဖက်ကမ်းဧဒုံပြည်မှချီတက်လာပါပြီ။ သူတို့သည်အင်္ဂေဒိခေါ်ဟာဇဇုန္တာမာမြို့ကို သိမ်းယူလိုက်ကြပါပြီ'' ဟုလျှောက်ထား ကြ၏။-
Isaiah 49:12ငါ၏လူမျိုးတော်သည်ရပ်ဝေးဒေသများမှ လည်းကောင်း၊ မြောက်အရပ်နှင့်အနောက်အရပ်မှလည်းကောင်း၊ တောင်အရပ်ရှိသိနိမ်ပြည်မှလည်းကောင်း လာရောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Ezekiel 26:5ပင်လယ်ရေဝိုင်းရံလျက်ရှိသောထိုကျောက် ၏အပေါ်တွင် ရေလုပ်သားတို့ပိုက်ကွန်များ ကိုလှန်းကြလိမ့်မည်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။ လူ မျိုးတကာတို့သည်တုရုမြို့ကိုတိုက်ခိုက် လုယက်ကြလိမ့်မည်။-
Ezekiel 48:28ဂဒ်အနွယ်အားပေးစေသည့်မြေယာ၏တောင်ဘက်နယ်နိမိတ်သည်တာမာမြို့မှကာဒေရှစိမ့်စမ်းအထိဖြစ်၍ ထိုမှအနောက်မြောက်ဘက်ရှိအီဂျစ်ပြည်နယ်နိမိတ်အတိုင်းလိုက်၍မြေထဲပင်လယ်အထိဖြစ်၏။