ယေဇကျေလအနာဂတ္တိကျမ်း 47:19
``တောင်ဘက်နယ်နိမိတ်သည်တာမာမြို့မှ အနောက်တောင်ဘက်ရှိကာဒေရှမေရိဘ စိမ့်စမ်းသို့လည်းကောင်း၊ ထိုနောက်အနောက် မြောက်ဘက်ရှိအီဂျစ်ပြည်နယ်စပ်ကိုလိုက် ၍မြေထဲပင်လယ်သို့လည်းကောင်းရောက် ရှိ၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 47
Cross References
Numbers 20:1ပထမလတွင်ဣသရေလအမျိုးသားတို့ သည် ဇိနဟုခေါ်သောတောကန္တာရသို့ရောက်၍ ကာဒေရှအရပ်၌စခန်းချကြသည်။ ထို အရပ်တွင်မိရိအံသေဆုံးသဖြင့် သူ့အလောင်း ကိုမြှုပ်နှံသင်္ဂြိုဟ်လိုက်ကြ၏။
Numbers 34:5ထိုနောက်ကွေ့၍အီဂျစ်ပြည်နယ်စပ်ရှိချိုင့် ဝှမ်းသို့လည်းကောင်းသွားပြီးလျှင် မြေထဲ ပင်လယ်ကမ်းခြေ၌အဆုံးသတ်ရမည်။
Deuteronomy 33:8လေဝိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေသည်။ ``အို ထာဝရဘုရားကိုယ်တော်၏အလိုတော်ကို ကိုယ်တော်အားသစ္စာစောင့်သောအစေခံ လေဝိအနွယ်ဝင်တို့မှတစ်ဆင့် သုမိမ်နှင့်ဥရိမ် အားဖြင့်ဖော်ပြတော်မူပါ၏။ ကိုယ်တော်သည်မဿာအရပ်တွင်သူတို့၌ သစ္စာရှိသည်မရှိသည်ကိုစစ်ဆေး၍ မေရိဘစမ်း၌သူတို့သစ္စာရှိသည်ကို သိမြင်တော်မူပါသည်။
1 Kings 9:18ဗာလက်မြို့၊ ယုဒပြည်တောကန္တာရရှိတာ ဒမော်မြို့တို့ကိုလည်းကောင်း၊-
Psalms 81:7သင်တို့သည်ဒုက္ခရောက်စဉ်အခါ၌ ငါ့ကိုအော်ဟစ်သောအခါ ငါသည်သင်တို့အားကယ်ခဲ့၏။ မိုးသက်မုန်တိုင်းအတွင်းမမြင်နိုင်သောအရပ် မှနေ၍ သင်တို့အားငါဖြေကြားခဲ့၏။ မေရိဘစမ်းရေအနီးတွင်သင်တို့အားငါ သွေးစမ်းခဲ့၏။
Ezekiel 48:28ဂဒ်အနွယ်အားပေးစေသည့်မြေယာ၏တောင်ဘက်နယ်နိမိတ်သည်တာမာမြို့မှကာဒေရှစိမ့်စမ်းအထိဖြစ်၍ ထိုမှအနောက်မြောက်ဘက်ရှိအီဂျစ်ပြည်နယ်နိမိတ်အတိုင်းလိုက်၍မြေထဲပင်လယ်အထိဖြစ်၏။