Psalms 81:7
သင်တို့သည်ဒုက္ခရောက်စဉ်အခါ၌ ငါ့ကိုအော်ဟစ်သောအခါ ငါသည်သင်တို့အားကယ်ခဲ့၏။ မိုးသက်မုန်တိုင်းအတွင်းမမြင်နိုင်သောအရပ် မှနေ၍ သင်တို့အားငါဖြေကြားခဲ့၏။ မေရိဘစမ်းရေအနီးတွင်သင်တို့အားငါ သွေးစမ်းခဲ့၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 6:6ထို့ကြောင့်သင်သည် ဣသရေလအမျိုးသား တို့အား`ငါသည်ထာဝရဘုရားဖြစ်၏။ အီဂျစ် အမျိုးသားတို့ထံ၌ကျွန်ခံရသည့်ဘဝမှ သင်တို့အားငါလွတ်မြောက်စေမည်။ ငါ၏ မဟာလက်ရုံးတော်ကိုဆန့်၍ ကြောက်မက် ဖွယ်သောဒဏ်စီရင်ခြင်းဖြင့်သင်တို့ကို ကယ်တင်မည်။-
Exodus 14:24နံနက်အရုဏ်မတက်မီအချိန်တွင် ထာဝရ ဘုရားသည်မီးတိုင်နှင့်မိုးတိမ်တိုင်တို့မှနေ ၍ အီဂျစ်စစ်တပ်ကိုကြည့်ရှုတော်မူပြီး လျှင်သူတို့ကိုဖရိုဖရဲဖြစ်စေတော်မူ၏။-
Exodus 17:2ထိုအခါသူတို့သည်မောရှေအား``အကျွန်ုပ် တို့သောက်စရာရေပေးပါ'' ဟုညည်းညူ တောင်းဆိုကြ၏။ မောရှေက``အဘယ်ကြောင့်ညည်းညူကြ သနည်း။ ထာဝရဘုရားကိုအဘယ်ကြောင့် စုံစမ်းကြသနည်း'' ဟုပြန်၍ပြောလေ၏။
Numbers 20:13မေရိဘအရပ်ကား ဣသရေလအမျိုးသား တို့ထာဝရဘုရားအားညည်းတွားသော၊ ထာဝရ ဘုရားကမိမိသည် ထာဝရဘုရားဖြစ်တော်မူ ကြောင်းကိုပြသောအရပ်ဖြစ်သတည်း။
Deuteronomy 5:6``ထာဝရဘုရားက၊`ငါသည်သင်တို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။'