ယေဇကျေလအနာဂတ္တိကျမ်း 47:6
ထိုသူက``အချင်းလူသား၊ ဤအချင်း အရာအလုံးစုံကိုသေချာစွာမှတ်သား လော့'' ဟုငါ့အားပြော၏။ ထိုနောက်သူသည်ငါ့အားမြစ်ကမ်းပါးသို့ ပြန်လည်ခေါ်ဆောင်သွား၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 47
Cross References
Jeremiah 1:11ထာဝရဘုရားက``ယေရမိ၊ သင်အဘယ် အရာကိုမြင်သနည်း'' ဟုမေးတော်မူလျှင်၊ ငါကလည်း``ဗာတံကိုင်းကိုမြင်ပါသည်'' ဟုပြန်လည်လျှောက်ထား၏။
Ezekiel 8:17ထာဝရဘုရားကငါ့အား``အချင်းလူသား၊ ထိုအချင်းအရာကိုသင်မြင်သလော။ ဤယုဒအမျိုးသားတို့သည်သင်မြင်ခဲ့ရသမျှသောစက်ဆုပ်ဖွယ်ရာအမှုများကိုပြုရသည်မှာအသေးအဖွဲသာဖြစ်၍ သူတို့သည်တိုင်းပြည်တစ်ခုလုံးကိုအကြမ်းဖက်မှုများဖြင့်ပြည့်နှက်စေလေပြီ။ ထိုမျှမကဗိမာန်တော်သို့လာရောက်၍ဤအမှုများကိုပြုရခြင်းအားဖြင့် သူတို့သည်ငါ့အားပို၍ပင်အမျက်ထွက်စေ၏။-
Ezekiel 44:5ထာဝရဘုရားကလည်းငါ့အား``အချင်း လူသား၊ သင်မြင်ရကြားရသောအရာမှန် သမျှကိုဂရုပြုလော့။ ငါသည်ဗိမာန်တော် နှင့်ဆိုင်သောစည်းမျဉ်းဥပဒေများကိုသင့် အားပြောမည်။ အဘယ်သူတို့သည်ဗိမာန် တော်သို့ဝင်ထွက်ခွင့်ရှိသည်ကိုသေချာ စွာမှတ်သားလော့။''
Zechariah 5:2ကောင်းကင်တမန်က``သင်အဘယ်အရာကို မြင်သနည်း'' ဟုမေးလျှင်ငါသည်လည်း``လေ ထဲတွင်ပျံနေသောစာလိပ်တစ်ခုကိုမြင် ပါ၏။ ထိုစာလိပ်သည်အလျားပေသုံးဆယ် အနံတစ်ဆယ့်ငါးပေရှိပါသည်'' ဟုပြန် လည်ဖြေကြား၏။