ယေဇကျေလအနာဂတ္တိကျမ်း 5:2
တစ်စုကိုယေရုရှလင်မြို့ကိုဝိုင်းရံထား သည့်ကာလကုန်ဆုံးချိန်၌မြို့ထဲမှာမီးရှို့ လော့။ အခြားတစ်စုကိုယူ၍ မြို့ထဲ၌လှည့် လည်ကာဋ္ဌားဖြင့်အပိုင်းပိုင်းဖြတ်လော့။ ကျန်တစ်စုကိုလေထဲသို့လွှင့်လော့။ ငါ သည်ထိုအစုကိုလိုက်၍ဋ္ဌားဖြင့်တိုက် ခိုက်မည်။-
Common Language Bible
In The King James Version
In Context
3ဆံပင်အနည်းငယ်ကိုသင်၏အဝတ်အ မြိတ်နား၌ထုပ်၍သိမ်းဆည်းထားလော့။-
Read all of ယေဇကျေလအနာဂတ္တိကျမ်း 5
Cross References
Leviticus 26:33ငါသည်သင်တို့ကိုစစ်ဘေးစစ်ဒဏ်သင့်စေပြီး လျှင် သင်တို့အားအခြားနိုင်ငံများသို့ပြန့်နှံ့ နေထိုင်စေမည်။ သင်တို့၏ပြည်သည်လူသူ ကင်းမဲ့၍ သင်တို့၏မြို့များသည်လည်းပျက်စီး ယိုယွင်းလိမ့်မည်။-
Jeremiah 9:16ငါသည်သူတို့နှင့်သူတို့ဘိုးဘေးများပင် မကြားဘူးသည့်လူမျိုးများအထဲတွင် သူ တို့အားပျံ့လွင့်သွားစေမည်။ ထိုနောက်သူတို့ အားလုံးဝပျက်စီးသည့်တိုင်အောင် တိုက်ခိုက် ရန်စစ်တပ်များကိုငါစေလွှတ်မည်'' ဟုမိန့် တော်မူ၏။
Jeremiah 15:2သူတို့ကမိမိတို့သည်အဘယ်အရပ်သို့ သွားရပါမည်နည်းဟု သင့်အားမေးသော အခါဤသို့ပြောကြားလော့။ ``သင်တို့အချို့သည်အနာရောဂါဘေး သင့်ပြီး သေရကြမည်ဖြစ်၍ အနာရောဂါဖြစ်ပွားရာသို့လည်းကောင်း၊ အချို့တို့မှာစစ်ပွဲတွင်ကျဆုံးရကြမည်ဖြစ်၍ စစ်မက်ဖြစ်ပွားရာသို့၊အချို့တို့ကားငတ်မွတ် ခေါင်းပါးခြင်းဘေးသင့်၍ သေရကြမည်ဖြစ်၍ငတ်မွတ်ခေါင်းပါးရာသို့၊ အချို့သူတို့မှာမူသုံ့ပန်းအဖြစ်ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရကြမည်ဖြစ်၍၊ အဖမ်းခံရကြမည့်အရပ်သို့သွားရမည်ဟု'' ငါအားမိန့်တော်မူ၏။''
Jeremiah 38:2ငါသည်လူတို့အားထာဝရဘုရား၏အမိန့် တော်ကိုပြောကြားသည်မှာ``ဤမြို့တွင်ဆက် လက်နေထိုင်သူတို့သည်စစ်ဘေး၊ ငတ်မွတ်ခေါင်း ပါးခြင်းဘေး၊ အနာရောဂါဘေးတို့နှင့်သေရ ကြလိမ့်မည်။ ဗာဗုလုန်အမျိုးသားတို့ထံသွား ၍လက်နက်ချသူတို့သည်သေရကြလိမ့်မည် မဟုတ်။ သူတို့သည်ယုတ်စွအဆုံးအသက် ဘေးမှချမ်းသာရာရလျက်ကျန်ရှိကြလိမ့် မည်။-
Ezekiel 4:7``ယေရုရှလင်မြို့အားဝိုင်းရံထားသည် ကိုစူးစိုက်၍ကြည့်လော့။ သင်သည်မိမိလက် သီးကိုပြလျက်ထိုမြို့အားဆန့်ကျင်၍ ဟောပြောလော့။-
Ezekiel 5:12သင်တို့အနက်သုံးပုံတစ်ပုံသောလူတို့ မြို့တွင်း၌အနာရောဂါဘေး၊ ငတ်မွတ်ခြင်း ဘေးတို့ဖြင့်သေကြလိမ့်မည်။ အခြားသုံး ပုံတစ်ပုံမှာမြို့ပြင်၌ဋ္ဌားဘေးသင့်၍သေ ကြလိမ့်မည်။ ကျန်သုံးပုံတစ်ပုံကိုမူလေ တွင်လွင့်စင်သွားစေလျက်ငါသည်ဋ္ဌားဖြင့် လိုက်လံတိုက်ခိုက်မည်။