ယေဇကျေလအနာဂတ္တိကျမ်း 6:10
ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ ငါကြိုတင်သတိပေးချက်များသည် အချည်းနှီးကြုံးဝါးချက်များမဟုတ် ကြောင်းကိုလည်းကောင်း သူတို့သိကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 6
Cross References
Jeremiah 44:28သို့ရာတွင်သင်တို့အချို့သည်အသက်ဘေး မှလွတ်မြောက်၍ အီဂျစ်ပြည်မှယုဒပြည် သို့ပြန်ကြလိမ့်မည်။ ထိုအခါအီဂျစ်ပြည် သို့လာရောက်ကြသောယုဒပြည်သူအကြွင်း အကျန်များသည် မိမိတို့စကားနှင့်ငါ့ စကား၊ မည်သည်ကမှန်၍နေသည်ကိုသိ ရှိကြလိမ့်မည်။-
Ezekiel 6:7နေရာတကာတွင်လူတို့သည်အသတ်ခံရ ကြလိမ့်မည်။ ဤသည်ကားငါသည်ထာဝရ ဘုရားဖြစ်ကြောင်းသိရကြလိမ့်မည်။
Ezekiel 22:14သင့်အားငါစီရင်ပြီးချိန်၌သင်သည်ရဲ စွမ်းသတ္တိရှိဦးမည်လော။ မိမိလက်ကိုပင်မြှောက် နိုင်ရန်ခွန်အားရှိပါဦးမည်လော။ ငါထာဝရ ဘုရားမိန့်တော်မူ၏။ ငါသည်မိမိ၏စကား အတိုင်းပြုမည်။-
Zechariah 1:6ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။