ယေဇကျေလအနာဂတ္တိကျမ်း 7:14
တိုက်ပွဲစရန်တံပိုးမှုတ်ပြီဖြစ်၍လူအပေါင်း တို့သည်အသင့်ပြင်ကြ၏။ သို့ရာတွင်တစ်ဦး တစ်ယောက်မျှစစ်ပွဲထဲသို့မဝင်ရောက်။ အဘယ် ကြောင့်ဆိုသော်ဘုရားသခင်၏အမျက်တော် သည် လူတိုင်းအပေါ်သို့သက်ရောက်မည်ဖြစ် သောကြောင့်တည်း။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 7
Cross References
Jeremiah 4:5ယုဒပြည်တစ်လျှောက်လုံး၌တံပိုးခရာမှုတ် ကြလော့။ ရှင်းလင်းကျယ်လောင်စွာကြွေးကြော်ကြလော့။ ယုဒပြည်သားများနှင့်ယေရုရှလင်မြို့သား တို့အား ခံတပ်မြို့များသို့ပြေးဝင်ကြရန်ပြောကြားကြလော့။
Jeremiah 6:11အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ် တော်ရှင်၏အမျက်တော်နှင့်ပြည့်လျက်ရှိ သဖြင့် မျိုသိပ်၍ပင်မထားနိုင်တော့ပါ'' ဟုပြန်လည်လျှောက်ထား၏။ ထိုအခါ ထာဝရဘုရားက``ငါ၏အမျက် တော်ကိုလမ်းများပေါ်ရှိကလေးသူငယ်တို့ အပေါ်သို့လည်းကောင်း၊ လူငယ်လူရွယ်အစု အဝေးများပေါ်သို့လည်းကောင်းသွန်းလောင်း လော့။ ဇနီးမောင်နှံများနှင့်အလွန်အိုမင်းသူ များသည်ချမ်းသာရာရကြလိမ့်မည်မဟုတ်။ သူတို့၏အိမ်များ၊ လယ်ယာများနှင့်အမျိုး သမီးများသည်သူတစ်ပါးလက်သို့ရောက်ရှိ ရကြလိမ့်မည်။ ငါသည်ဤပြည်မှလူတို့ကို လက်တော်ကိုဆန့်လျက်အပြစ်ဒဏ်ပေးတော် မူမည်။-
Jeremiah 12:12လူတို့သည်တိုက်ခိုက်လုယက်ရန်သဲကန္တာရရှိ ကုန်းမြင့်များကိုဖြတ်၍လာလေပြီ။ ဤပြည်တစ်ခုလုံးကိုဖျက်ဆီးချေမှုန်းပစ်ရန် ငါသည်စစ်ပွဲကိုဖြစ်ပွားစေလေပြီ။ အဘယ်သူမျှငြိမ်းချမ်းစွာမနေမထိုင် ရကြ။
Lamentations 2:3ကိုယ်တော်သည်ပြင်းစွာအမျက်ထွက်တော်မူသဖြင့် ဣသရေလအမျိုးသားတို့၏ အင်အားကိုဖြိုခွဲတော်မူပါ၏။ ရန်သူများလာရောက်ချိန်၌ငါတို့အားကူမရန် ငြင်းဆန်တော်မူ၏။ ကိုယ်တော်သည်မီးသဖွယ်တောက်လောင်ကာ ရှိသမျှကိုလောင်စေတော်မူ၏။
Ezekiel 7:11အကြမ်းဖက်မှုသည်ယုတ်မာမှုကိုတိုးပွား စေလိမ့်မည်။ သူတို့နှင့်ဆိုင်သမျှကျန်ရှိလိမ့် မည်မဟုတ်။ သူတို့၏စီးပွားချမ်းသာဂုဏ် အသရေတို့သည်ကျန်ရှိလိမ့်မည်မဟုတ်။