ယေဇကျေလအနာဂတ္တိကျမ်း 8:10
ငါသည်အထဲသို့ဝင်၍ကြည့်၏။ တံတိုင်းနံရံများတွင်တွားသွားသောသတ္တဝါရုပ်များ၊ အခြားမသန့်စင်သည့်တိရစ္ဆာန်ရုပ်များနှင့် ဣသရေလအမျိုးသားတို့ကိုးကွယ်သည့်အခြားရုပ်တုပုံများကိုရေးဆွဲထား၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 8
Cross References
Leviticus 11:10သို့ရာတွင်ဆူးတောင်နှင့်အကြေးမပါရှိ သောရေသတ္တဝါများကိုမစားရ။-
Deuteronomy 4:25``သင်တို့သည်ထိုပြည်တွင်ကြာမြင့်စွာနေထိုင်၍ သားမြေးများရသည်အထိပင်လျှင် ထာဝရ ဘုရားကိုမပြစ်မှားမိစေရန်ရုပ်တုကိုထု လုပ်၍မကိုးကွယ်နှင့်။ ရုပ်တုထုလုပ်ကိုးကွယ် ခြင်းသည်မှားယွင်းမှုဖြစ်သောကြောင့် ထာဝရ ဘုရားအားအမျက်ထွက်စေတော်မူလိမ့်မည်။-
Deuteronomy 14:7ခွာလည်းမကွဲ၊ စားမြုံ့လည်းမပြန်သောတိရစ္ဆာန် များကိုမစားရ။ ကုလားအုတ်၊ ယုန်၊ ခွေးတူဝက်တူ တို့၏အသားကိုမစားရ။ ဤတိရစ္ဆာန်တို့သည် စားမြုံ့ပြန်တတ်သော်လည်း ခွာမကွဲသဖြင့် မသန့်သောတိရစ္ဆာန်များဟူ၍မှတ်ရမည်။-
Jeremiah 2:26အဖမ်းခံရချိန်၌ သူခိုးသည်အရှက်ကွဲရ သကဲ့သို့ သင်၏ဘုရင်များ၊ မင်းညီမင်းသား များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ သင် တို့ဣသရေလပြည်သားအပေါင်းတို့သည် အရှက်ကွဲရကြလိမ့်မည်။-