ယေဇကျေလအနာဂတ္တိကျမ်း 9:4
``သင်သည်ယေရုရှလင်မြို့တစ်လျှောက်လုံး တွင်လှည့်လည်ကာ ယခုလူတို့ပြုကျင့်လျက် ရှိသောစက်ဆုပ်ဖွယ်ရာအမှုများကြောင့် ညည်းတွားမြည်တမ်းနေသူမှန်သမျှ၏ နဖူးတွင် အမှတ်သညာကိုရေးမှတ်လော့'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 9
Cross References
Exodus 12:7ထိုနောက်အသားကိုစားသုံးသူများနေထိုင် ရာအိမ်၏တံခါးထုပ်နှင့်တံခါးတိုင်နှစ်တိုင် တို့တွင် ထိုသားကောင်၏သွေးကိုသုတ်လိမ်း ရမည်။-
Exodus 12:23ထာဝရဘုရားသည်အီဂျစ်အမျိုးသား တို့ကိုသေဒဏ်စီရင်ရန် အီဂျစ်ပြည်ကို ဖြတ်သန်းကြွသွားသည့်အခါတံခါးထုပ်၊ တံခါးတိုင်တို့တွင်သွေးကိုမြင်ရလျှင် သင် တို့အသက်ချမ်းသာရစေရန် သေမင်းတမန် အား သင်တို့၏အိမ်များကိုကျော်သွားစေ တော်မူမည်။ သင်တို့၏အိမ်များထဲသို့ဝင်၍ သင်တို့အားသတ်ခွင့်ပေးမည်မဟုတ်။-
2 Kings 22:19ယေရုရှလင်မြို့နှင့်တကွမြို့သူမြို့သားတို့ အား ဒဏ်ခတ်ရန်ငါခြိမ်းခြောက်သည်ကိုကြား သိသောအခါ သင်သည်ငိုကြွေးကာမိမိအဝတ် ကိုဆုတ်ပြီးလျှင် နောင်တရ၍ငါ၏ရှေ့တော် တွင်စိတ်နှိမ့်ချလျက်နေ၏။ ငါသည်ဤမြို့ကို ပျက်ပြုန်းစေမည်။ ဤမြို့၏နာမည်သည် လူတို့ ကျိန်ဆဲရာလက်သုံးစကားဖြစ်လိမ့်မည်။ သို့ ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပြီ။-
Psalms 119:136လူတို့သည်ကိုယ်တော်ရှင်၏တရားတော်ကို မလိုက်နာကြသဖြင့် ကွန်တော်မျိုး၏မက်ရည်မားသည်မြစ်ရေ ကဲ့သို့ စီးဆင်းလက်ရှိပါ၏။
Jeremiah 13:17အကယ်၍သင်တို့နားမထောင်ကြပါမူ ငါသည်သင်တို့၏မာန်မာနထောင်လွှားမှု အတွက် ကြိတ်၍ငိုကြွေးမည်။ ငါသည်ဝမ်းနည်းပက်လက်ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုတော်သည်ဖမ်းဆီး ခေါ်ဆောင် သွားခြင်းကိုခံရပြီဖြစ်၍ငါ့မျက်ရည်စီး ကျမည်။
Ezekiel 21:6``အချင်းလူသား၊ သင်သည်စိတ်ပျက်ဝမ်းနည်း ကြေကွဲလျက်ရှိဘိသကဲ့သို့ညည်းတွားလော့။ လူမြင်ကွင်းတွင်ပြင်းပြစွာညည်းတွားလော့။-