ယေဇကျေလအနာဂတ္တိကျမ်း 9:6
အသက်ကြီးသူများ၊ ပျိုရွယ်သူယောကျာ်း မိန်းမများ၊ ကလေးအမေများနှင့်ကလေး များကိုသတ်ကြလော့။ သို့ရာတွင်နဖူး တွင်အမှတ်သညာရှိသူတစ်စုံတစ်ယောက် ကိုမျှမထိနှင့်။ ငါ၏ဗိမာန်တော်မှအစ ပြု၍ဆောင်ရွက်လော့'' ဟုမိန့်တော်မူသည် ကိုငါကြားရ၏။ သို့ဖြစ်၍ထိုသူတို့သည် ဗိမာန်တော်တွင်ရပ်လျက်နေသော ဣသရေလ အမျိုးသားအသက်ကြီးသူများကိုဦး စွာသတ်ကြ၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 9
Cross References
Numbers 31:15``သင်တို့သည်အဘယ်ကြောင့်အမျိုးသမီး အားလုံးကို အသက်ချမ်းသာစေကြသနည်း။-
Deuteronomy 3:6ငါတို့သည်ဟေရှဘုန်ဘုရင်ရှိဟုန်ပိုင်သော မြို့များနှင့်မြို့သူမြို့သားများကိုဖျက်ဆီး သုတ်သင်သကဲ့သို့ သြဃမင်းပိုင်သောမြို့ အားလုံးကိုဖျက်ဆီး၍ ယောကျာ်းမိန်းမနှင့် ကလေးသူငယ်အပေါင်းတို့ကိုသတ်ဖြတ် သုတ်သင်ခဲ့ကြသည်။-
Joshua 2:18သင်တို့၏ပြည်ထဲသို့ငါတို့ချီတက်လာသော အခါ ငါတို့ကိုလျှောချသောပြူတင်းပေါက် တွင် ဤကြိုးနီကိုချည်ထားလော့။ သင်၏မိဘ၊ မောင်နှမများနှင့်ဖခင်ဘက်မှမိသားစု အားလုံးကိုသင်၏အိမ်တွင်စုရုံးနေစေ လော့။-
1 Samuel 15:3သင်သည်အာမလက်အမျိုးသားတို့အားသွား ရောက်တိုက်ခိုက်လော့။ သူတို့၏ပစ္စည်းဥစ္စာရှိ သမျှကိုဖျက်ဆီးပစ်ရမည်။ တစ်စုံတစ်ခု မျှမကျန်စေနှင့်။ ရှိသမျှယောကျာ်း၊ မိန်းမ၊ ကလေးသူငယ်၊ နို့စို့များအပြင်ရှိသမျှ သိုး၊ နွား၊ ကုလားအုတ်၊ မြည်းများကိုသုတ် သင်ဖျက်ဆီးပစ်လော့'' ဟုဆို၏။-
Jeremiah 6:11အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ် တော်ရှင်၏အမျက်တော်နှင့်ပြည့်လျက်ရှိ သဖြင့် မျိုသိပ်၍ပင်မထားနိုင်တော့ပါ'' ဟုပြန်လည်လျှောက်ထား၏။ ထိုအခါ ထာဝရဘုရားက``ငါ၏အမျက် တော်ကိုလမ်းများပေါ်ရှိကလေးသူငယ်တို့ အပေါ်သို့လည်းကောင်း၊ လူငယ်လူရွယ်အစု အဝေးများပေါ်သို့လည်းကောင်းသွန်းလောင်း လော့။ ဇနီးမောင်နှံများနှင့်အလွန်အိုမင်းသူ များသည်ချမ်းသာရာရကြလိမ့်မည်မဟုတ်။ သူတို့၏အိမ်များ၊ လယ်ယာများနှင့်အမျိုး သမီးများသည်သူတစ်ပါးလက်သို့ရောက်ရှိ ရကြလိမ့်မည်။ ငါသည်ဤပြည်မှလူတို့ကို လက်တော်ကိုဆန့်လျက်အပြစ်ဒဏ်ပေးတော် မူမည်။-
Jeremiah 44:7``သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အနန္တတန်ခိုးရှင်ငါထာဝရ ဘုရားက သင်တို့သည်အဘယ်ကြောင့်မိမိ တို့အပေါ်သို့ဤသို့သောဘေးအန္တရာယ်ဆိုး သက်ရောက်အောင် ဆိုးညစ်သောအမှုကိုပြု ကြသနည်း။ သင်တို့သည်မိမိတို့အမျိုး ပြုတ်စေရန်အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်နှင့်နို့စို့အရွယ်တို့အား ဆုံးပါးပျက်စီးစေလိုကြသလော။-