ဂလာတိဩဝါဒစာ 2:6
ခေါင်းဆောင်များဟုထင်မှတ်ရသူတို့သည် ငါ့အားအကြံဉာဏ်သစ်မပေးကြ။ သူတို့ သည်အကယ်ပင်ခေါင်းဆောင်များဟုတ် သည်မဟုတ်သည်မှာ ငါ၏အတွက်အရေး မကြီးပါ။ အဘယ်ကြောင့်ဆိုသော်ဘုရား သခင်သည်အပြင်ပုံသဏ္ဌာန်အားဖြင့် လူ တို့အားအကဲဖြတ်တော်မမူသောကြောင့် ပင်ဖြစ်၏။-
Common Language Bible
In The King James Version
In Context
Cross References
Job 32:6ထိုအခါ ဗုဇအမျိုးဗာရခေလသားဧလိဟု မြွက် ဆိုသည်ကား၊ ငါသည်အသက်ငယ်ပါ၏။ သင်တို့သည် အလွန်အသက်ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက်၍ ကိုယ်သဘောကို မပြဝံ့ဘဲ နေပါပြီ။
Job 34:19ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ် သောသူကိုသာ၍ အားနာတော်မမူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။
Mark 6:17ဟေရုဒ်သည်ညီဖြစ်သူဖိလိပ္ပု၏ဇနီး၊ ဟေရော ဒိအားမိမိသိမ်းပိုက်မှုနှင့်ပတ်သက်၍ ယောဟန် ကိုဖမ်းဆီးပြီးလျှင်ထောင်တွင်ချုပ်နှောင်ထား စေ၏။-
Luke 20:21သူလျှိုတို့က ``ဆရာတော်၊ အရှင်ဟောပြော သွန်သင်တော်မူသောအရာများမှန်ကန်ကြောင်း ကိုအကျွန်ုပ်တို့သိပါ၏။ အရှင်သည်မျက်နှာ ကြီးငယ်မလိုက်၊ ဘုရားသခင်၏တရားလမ်း ကိုသာဟုတ်မှန်သည်အတိုင်းသွန်သင်တော် မူပါ၏။-
Acts 15:6သို့ဖြစ်၍တမန်တော်များနှင့်အသင်းတော် လူကြီးများသည် ဤအမှုကိစ္စကိုစဉ်းစား ဆင်ခြင်ရန်စည်းဝေးကြ၏။-
2 Corinthians 5:16သို့ဖြစ်၍ငါတို့သည်ယခုမှစ၍အဘယ်သူ ကိုမျှလူတို့စံနှုန်းအရအကဲမဖြတ်ကြ တော့ပေ။ ယခင်အခါကခရစ်တော်အားလူ တို့စံနှုန်းအရ ငါတို့အကဲဖြတ်ခဲ့ကြသော် လည်းယခုအခါ၌ထိုသို့မပြုတော့ပြီ။-