ရှင်ယောဟန်ခရစ်ဝင် 7:42
မေရှိယသည်ဒါဝိဒ်မင်း၏သားမြေးဖြစ်လိမ့်မည် ဟူ၍လည်းကောင်း၊ ဒါဝိဒ်နေထိုင်ခဲ့သည့်ဗက်လင် ရွာမှပေါ်ထွန်းလိမ့်မည်ဟူ၍လည်းကောင်း ကျမ်း စာလာသည်မဟုတ်ပါလော'' ဟုဆိုကြ၏။-
Common Language Bible
In The King James Version
In Context
43သို့ဖြစ်၍ကိုယ်တော်နှင့်ပတ်သက်၍လူပရိသတ် စိတ်သဘောကွဲလွဲလျက်နေကြ၏။-
Read all of ရှင်ယောဟန်ခရစ်ဝင် 7
Cross References
1 Samuel 16:1ထာဝရဘုရားသည်ရှမွေလအား``သင်သည် အဘယ်မျှကြာအောင်ရှောလုအတွက်ဝမ်းနည်း နေပါမည်နည်း။ ငါသည်သူ့အားဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ။ သံလွင်ဆီယူ ၍ဗက်လင်မြို့ရှိယေရှဲနာမည်တွင်သူလူတစ် ယောက်ထံသို့သွားလော့။ ငါသည်သူ၏သား တစ်ယောက်အားဘုရင်အဖြစ်ရွေးချယ်၏'' ဟုမိန့်တော်မူ၏။
1 Samuel 16:11``သင့်မှာအခြားသားများရှိပါသေးသလော'' ဟုယေရှဲအားမေး၏။ ယေရှဲက``သားအငယ်ဆုံးရှိပါသေးသည်။ သူသည်သိုးများကိုကျောင်းလျက်နေပါ၏'' ဟုဆို၏။ ရှမွေလက``သူ့အားခေါ်ခဲ့လော့။ သူမရောက် မချင်းငါတို့သည်ယဇ်ပူဇော်ပွဲကိုဝင်ကြ မည်မဟုတ်'' ဟုပြော၏။-
1 Samuel 17:58ရှောလုက``အချင်းလူငယ်၊ သင်ကားအဘယ် သူ၏သားနည်း'' ဟုမေးတော်မူလျှင်၊ ဒါဝိဒ်က``အကျွန်ုပ်သည်အရှင်၏အစေခံ၊ ဗက်လင်မြို့သားယေရှဲ၏သားဖြစ်ပါ၏'' ဟုပြန်လည်လျှောက်ထား၏။
Isaiah 11:1ဒါဝိဒ်မင်းဆက်သည်ခုတ်လှဲသည့်သစ်ပင်နှင့် တူ၏။ သို့ရာတွင်သစ်ငုတ်မှအကိုင်းအခက် များထွက်လာသကဲ့သို့ ဒါဝိဒ်၏သားမြေး များအထဲမှဘုရင်သစ်တစ်ပါးပေါ်ထွက် လာလိမ့်မည်။
Micah 5:2ထာဝရဘုရားက``ဧဖရတ်ခရိုင်၊ ဗက်လင် မြို့၊ သင်သည်ယုဒပြည်တွင်သိမ်ငယ်သော မြို့တစ်မြို့ဖြစ်သော်လည်း ရှေးမင်းဆက်ထဲ မှဣသရေလအမျိုးသားတို့ကိုအုပ်စိုး မည့်ဘုရင်တစ်ပါးကိုငါပေါ်ထွန်းစေ မည်'' ဟုမိန့်တော်မူ၏။