ဂလာတိဩဝါဒစာ 6:1
ညီအစ်ကိုတို့လူတစ်ဦးတစ်ယောက်သည်မကောင်း မှုတစ်စုံတစ်ရာပြုသည်ကို သင်တို့တွေ့ရှိလျှင် ဝိညာဉ်ပါရမီရှိသောသင်တို့က နူးညံ့သိမ်မွေ့ စွာထိုသူကိုပြုပြင်ပေးရမည်။ သင်တို့သည် မိမိတို့ကိုယ်တိုင်လည်း စုံစမ်းသွေးဆောင်ရာ သို့မလိုက်မပါစေရန်သတိပြုကြလော့။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 12:11သူသည်အီဂျစ်ပြည်ထဲသို့ဝင်ရန်နယ်စပ် ကိုဖြတ်ကျော်ခါနီးတွင် သူ၏မယားစာရဲ အား``သင်သည်ရုပ်ရည်လှသောအမျိုးသမီး ဖြစ်၏။-
2 Samuel 11:2တစ်နေ့သ၌ညနေခင်းအချိန်တွင်ဒါဝိဒ် သည်အိပ်စက်နားနေရာမှနိုးထ၍ နန်းတော် အမိုးပေါ်သို့တက်ပြီးလျှင်စင်္ကြံလျှောက်နေ စဉ် ရှုချင်ဖွယ်အဆင်းလှသောအမျိုးသမီး တစ်ယောက်ရေချိုးနေသည်ကိုမြင်တော်မူ၏။-
Isaiah 35:3နွမ်းနယ်လျက်ရှိသည့်လက်တို့ကိုလည်းကောင်း၊ အားနည်းတုန်လှုပ်လျက်နေသည့် ဒူးတို့ကိုလည်းကောင်းအားဖြည့်၍ပေးကြလော့။
Matthew 9:13`ငါသည်သနားကြင်နာခြင်းကိုယဇ်ပူဇော် ခြင်းထက်ပို၍နှစ်သက်၏' ဟူသောကျမ်းစကား ၏အနက်အဋ္ဌိပ္ပါယ်ကိုသင်တို့သွား၍လေ့လာ ကြလော့။ ငါသည်ဂုဏ်အသရေရှိသူများကို ကယ်ရန်ကြွရောက်လာသည်မဟုတ်။ အပယ်ခံ သူများကိုကယ်ရန်ကြွရောက်လာသတည်း'' ဟု မိန့်တော်မူ၏။
Matthew 18:12``သင်တို့သည်အဘယ်သို့ထင်မှတ်ကြသနည်း။ လူတစ်ယောက်သည်မိမိမှာရှိသည့်သိုးတစ်ရာ အနက်တစ်ကောင်ပျောက်သွားလျှင်ကိုးဆယ် ကိုးကောင်ကိုတောင်ပေါ်စားကျက်တွင်ထားခဲ့ ပြီးလျှင်ပျောက်သောသိုးကိုလိုက်၍မရှာဘဲ နေပါမည်လော။-
Matthew 26:75ထိုအခါ ``ကြက်မတွန်မီသင်သည်ငါ့ကိုမသိ ဟုသုံးကြိမ်မြောက်အောင်ငြင်းဆိုလိမ့်မည်'' ဟု သခင်ယေရှုမိန့်တော်မူခဲ့သည့်စကားကို ပေတရုသည်ပြန်လည်သတိရသဖြင့်အပြင် သို့ထွက်၍ဝမ်းနည်းပက်လက်ငိုကြွေးလေ၏။