ကမ္ဘာဦးကျမ်း 12:16
သူ့အတွက်ကြောင့်ဘုရင်သည်အာဗြံအား ကောင်းစွာပြုစု၍သိုး၊ နွား၊ ဆိတ်၊ မြည်း၊ ကျေး ကျွန်နှင့်ကုလားအုတ်များကိုဆုချပေး သနားတော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 16:1အာဗြံ၏မယားစာရဲတွင်သားတစ်ယောက်မျှ မထွန်းကားချေ။ စာရဲ၌ဟာဂရအမည်ရှိ သောအီဂျစ်ပြည်သူကျွန်မတစ်ယောက်ရှိ၏။-
Genesis 24:35ထာဝရဘုရားသည်ကျွန်ုပ်၏သခင်အားကောင်း ချီးမင်္ဂလာများစွာချပေးသဖြင့် သူသည်ကြွယ် ဝချမ်းသာလာပါသည်။ ထာဝရဘုရားသည် သူ့အားသိုးအုပ်၊ ဆိတ်အုပ်၊ ရွှေ၊ ငွေ၊ ကျွန်ယောကျာ်း၊ ကျွန်မိန်းမ၊ ကုလားအုတ်နှင့်မြည်းများကိုပေး တော်မူပြီ။-
Genesis 32:5ကျွန်ုပ်တွင်နွား၊ မြည်း၊ သိုး၊ ဆိတ်နှင့်ကျွန်များရှိ ပါသည်။ ကိုယ်တော်ထံ၌ကျွန်ုပ်မျက်နှာသာရ နိုင်မည်ဟုမျှော်လင့်လျက် ဤသို့သတင်းပို့ လျှောက်ထားပါသည်' ဟုပြောလော့'' ဟုမှာ ကြားလိုက်လေသည်။
Job 1:3သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။
Psalms 144:13ကျွန်တော်မျိုးတို့၏ကျီများသည်အသီးအနှံ အမျိုးမျိုးဖြင့်ပြည့်လျက်ရှိပါစေသော။ ကွင်းပြင်များရှိသိုးများသည်ထောင်ပေါင်း များစွာသောသိုးငယ်တို့ကိုမွေးဖွားကြ ပါစေသော။