ကမ္ဘာဦးကျမ်း 12:1
ထာဝရဘုရားကအာဗြံအား``သင်၏တိုင်း ပြည်၊ သင်၏ဆွေမျိုးသားချင်းနှင့်သင်၏ဖခင် အိမ်ကိုစွန့်ခွာ၍ ငါညွှန်ပြမည့်ပြည်သို့သွား လော့။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 11:31တေရသည်သူ၏သားအာဗြံ၊ မြေးလောတ တို့နှင့်ချွေးမစာရဲတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့သွားရန်ဗာဗုလုန်ပြည်၊ ဥရမြို့မှ ထွက်ခွာခဲ့ရာခါရန်မြို့သို့ဆိုက်ရောက်လာ၍ ထိုမြို့တွင်အခြေချနေထိုင်၏။-
Genesis 20:13သို့ဖြစ်၍ထာဝရဘုရားသည်ကျွန်ုပ်အားဖခင် ၏အိမ်မှနိုင်ငံရပ်ခြားသို့ထွက်ခွာသွားစေသည့် အခါ ကျွန်ုပ်ကစာရာအားငါ့ကိုသစ္စာစောင့်သည့် အနေဖြင့် သင်ရောက်လေရာရာတွင်ငါသည်သင် ၏အစ်ကိုဖြစ်ကြောင်းပြောရန်မှာကြားခဲ့ပါသည်'' ဟုဖြေကြားလေသည်။
Genesis 24:38ငါ့အဖအမျိုးသားများဖြစ်သောငါ၏ဆွေ မျိုးသားချင်းတို့ထံသို့သွား၍ ငါ့သားအတွက် မယားကိုရှာရမည်' မှာကြားပါသည်။ ထိုမှာ ကြားချက်ကိုနာခံပါမည်ဟုကတိသစ္စာခံစေ ပါသည်။-
Joshua 24:2ထိုအခါယောရှုသည်လူအပေါင်းတို့အား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားကဤသို့မိန့်တော်မူသည်။ `ရှေးအခါက သင်တို့၏ဘိုးဘေးများဖြစ်ကြသောတေရ၊ သူ၏သားအာဗြဟံနှင့်နာခေါ်တို့သည် ဥဖရတ်မြစ်တစ်ဘက်တွင်နေထိုင်၍အခြား သောဘုရားများကိုကိုးကွယ်ကြ၏။-
Nehemiah 9:7အို ဘုရားသခင်ထာဝရဘုရား ကိုယ်တော်သည်အာဗြံကိုရွေးကောက်တော် မူ၍ ဗာဗုလုန်ပြည်ဥရမြို့မှထုတ်ဆောင်တော်မူကာ သူ၏နာမည်ကိုအာဗြဟံဟုပြောင်းလဲ ပေးတော်မူပါ၏။
Isaiah 41:9ငါသည်သင်တို့အားကမ္ဘာမြေကြီးအစွန်းမှ ခေါ်ယူခဲ့၏။ မြေစွန်းရပ်ဖျားများမှခေါ်ယူကာ၊သင်တို့သည် ကား၊ ငါ၏အစေခံများတည်းဟုဆိုခဲ့၏။ ငါသည်သင်တို့အားပစ်ပယ်မည့်အစား ရွေးချယ်တော်မူခဲ့၏။