ကမ္ဘာဦးကျမ်း 13:18
ထို့ကြောင့်အာဗြံသည်မိမိ၏စခန်းမှ ဟေဗြုန်မြို့ရှိမံရေသပိတ်တောသစ်ပင်များအနီးသို့ပြောင်းရွှေ့နေထိုင်ပြီးလျှင် ထိုနေရာ၌ထာဝရဘုရားအားပူဇော်ရန်ယဇ်ပလ္လင်ကိုတည်လေ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 8:20နောဧသည်ထာဝရဘုရားအားပူဇော်ရန်ယဇ် ပလ္လင်ကိုတည်၍ သန့်စင်သောတိရစ္ဆာန်နှင့်ငှက်အမျိုး မျိုးထဲမှတစ်ကောင်ကျစီယူလျက် ပလ္လင်ထက်တွင် အကောင်လိုက်မီးရှို့ပူဇော်လေ၏။-
Genesis 13:4ထိုအရပ်တွင်ယခင်ကစခန်းချ၍ယဇ်ပလ္လင်တည်ခဲ့ဖူး၏။ ထိုအရပ်၌သူသည်ထာဝရဘုရားကိုဝတ်ပြုကိုးကွယ်လေသည်။
Genesis 18:1ထာဝရဘုရားသည်မံရေပိုင်သောသစ်ပင်များ ရှိရာအရပ်တွင် အာဗြဟံအားကိုယ်ထင်ပြ တော်မူ၏။ နေအလွန်ပူပြင်းသောအချိန်၌ အာဗြဟံသည်မိမိ၏တဲဝမှာထိုင်နေစဉ်၊-
Genesis 35:27ယာကုပ်သည်အာဗြဟံနှင့်ဣဇာက်တို့နေထိုင် ခဲ့သောဟေဗြုန်မြို့အနီးမံရေအရပ်ရှိသူ ၏ဖခင်ဣဇာက်ထံသို့ရောက်ရှိလာလေ၏။-
Numbers 13:22ပထမဦးစွာသူတို့သည်ပြည်၏တောင်ပိုင်း သို့ဝင်ရောက်၍ ကိုယ်ခန္ဓာအလွန်ထွားကျိုင်း သည့်အာနကအမျိုးသားတို့၏အဆက် အနွယ်များဖြစ်သောအဟိမန်သားချင်းစု၊ ရှေရှဲသားချင်းစုနှင့်တာလမဲသားချင်းစု တို့နေထိုင်ရာဟေဗြုန်မြို့သို့ရောက်ရှိကြ သည်။ (ဟေဗြုန်မြို့သည်အီဂျစ်ပြည်ရှိဇောန မြို့မတည်မီခုနစ်နှစ်အထက်ကတည်ခဲ့ သောမြို့ဖြစ်သတည်း။-)
Joshua 15:13ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယောရှုသည် ယုဒအနွယ်ဝင်ယေဖုန္နာ၏သား ကာလက်အားယုဒအနွယ်ပိုင်နယ်မြေမှ ဟေဗြုန်မြို့ကိုခွဲဝေပေးလေသည်။ ဟေဗြုန် မြို့သည်အာနက၏ဖခင်အာဘ၏မြို့ဖြစ် သည်။-