တောလည်ရာကျမ်း 13:22
ပထမဦးစွာသူတို့သည်ပြည်၏တောင်ပိုင်း သို့ဝင်ရောက်၍ ကိုယ်ခန္ဓာအလွန်ထွားကျိုင်း သည့်အာနကအမျိုးသားတို့၏အဆက် အနွယ်များဖြစ်သောအဟိမန်သားချင်းစု၊ ရှေရှဲသားချင်းစုနှင့်တာလမဲသားချင်းစု တို့နေထိုင်ရာဟေဗြုန်မြို့သို့ရောက်ရှိကြ သည်။ (ဟေဗြုန်မြို့သည်အီဂျစ်ပြည်ရှိဇောန မြို့မတည်မီခုနစ်နှစ်အထက်ကတည်ခဲ့ သောမြို့ဖြစ်သတည်း။-)
Common Language Bible
In The King James Version
In Context
Cross References
Genesis 13:18ထို့ကြောင့်အာဗြံသည်မိမိ၏စခန်းမှ ဟေဗြုန်မြို့ရှိမံရေသပိတ်တောသစ်ပင်များအနီးသို့ပြောင်းရွှေ့နေထိုင်ပြီးလျှင် ထိုနေရာ၌ထာဝရဘုရားအားပူဇော်ရန်ယဇ်ပလ္လင်ကိုတည်လေ၏။
Numbers 13:17မောရှေသည်သူတို့ကိုမစေလွှတ်မီ``သင်တို့ သည်ဤအရပ်မှမြောက်ဘက်သို့သွား၍ ခါနာန် ပြည်တောင်ပိုင်းသို့ဝင်ပြီးလျှင်တောင်ကုန်း ဒေသပေါ်သို့တက်လော့။-
Joshua 11:21ထိုကာလ၌ယောရှုသည်ဟေဗြုန်မြို့၊ ဒေဗိရ မြို့၊ အာနပ်မြို့၊ ယုဒတောင်ကုန်းဒေသ၊ ဣသ ရေလတောင်ကုန်းဒေသစသောတောင်ကုန်း ဒေသများတွင်နေထိုင်သည့် ထွားကြိုင်းသော အာနကအမျိုးသားတို့ရှိရာသို့ချီတက် လေသည်။ ယောရှုသည်အာနကအမျိုးသား များကို တစ်ယောက်မကျန်သုတ်သင်၍သူ တို့မြို့များကိုမြေလှန်ဖျက်ဆီးခဲ့လေ သည်။-
Joshua 15:13ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယောရှုသည် ယုဒအနွယ်ဝင်ယေဖုန္နာ၏သား ကာလက်အားယုဒအနွယ်ပိုင်နယ်မြေမှ ဟေဗြုန်မြို့ကိုခွဲဝေပေးလေသည်။ ဟေဗြုန် မြို့သည်အာနက၏ဖခင်အာဘ၏မြို့ဖြစ် သည်။-
Joshua 21:13အာရုန်၏သားမြေးတို့အားသတ်မှတ်ပေး သောမြို့များမှာဟေဗြုန်မြို့(ခိုလှုံရာမြို့တစ်မြို့) အပြင်လိဗနမြို့၊-
2 Samuel 2:1ထိုနောက်ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ် တော့်ကျွန်သည်ယုဒမြို့တစ်မြို့မြို့သို့သွားရောက် အုပ်ချုပ်ရပါမည်လော'' ဟုမေးလျှောက်၏။ ထာဝရဘုရားက``သွားလော့'' ဟုမိန့်တော် မူလျှင်၊ ``အဘယ်မြို့သို့သွားရပါမည်နည်း'' ဟု မေးလျှောက်ပြန်၏။ ထာဝရဘုရားက``ဟေဗြုန်မြို့'' ဟုဆိုသဖြင့်၊-