ကမ္ဘာဦးကျမ်း 18:28
သို့သော်အပြစ်မဲ့သူငါးဆယ်အစားလေး ဆယ့်ငါးယောက်မျှရှိကောင်းရှိပါမည်။ ထို ကဲ့သို့ငါးယောက်လိုသောကြောင့် ကိုယ်တော် သည်တစ်မြို့လုံးကိုဖျက်ဆီးပစ်မည်လော'' ဟုမေးလျှောက်လေ၏။ ထာဝရဘုရားက``အပြစ်မဲ့သူလေးဆယ် ငါးယောက်ရှိလျှင် မြို့ကိုဖျက်ဆီးပစ်မည် မဟုတ်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 18:26ထာဝရဘုရားက``သောဒုံမြို့ထဲ၌အပြစ် မဲ့သူဦးရေငါးဆယ်ရှိလျှင် ထိုသူတို့ကို ထောက်ထား၍တစ်မြို့လုံးကိုငါချမ်းသာပေး မည်'' ဟုမိန့်တော်မူ၏။
Numbers 14:17သို့ဖြစ်၍ အို ထာဝရဘုရား၊ ယခုပင်ကိုယ်တော် ၏တန်ခိုးတော်ကိုပြတော်မူပါ။ ကိုယ်တော်က`ငါ ထာဝရဘုရားသည်သည်းခံသောသဘောရှိ ၏။ မေတ္တာကရုဏာနှင့်ကြွယ်ဝ၍ဒုစရိုက်အပြစ် နှင့်ပုန်ကန်ခြင်းအပြစ်တို့ကိုလွှတ်တော်မူ၏။ သို့ သော်လည်းမိဘတို့၏အပြစ်အတွက်သူတို့ ၏သားမြေးမှစ၍တတိယမျိုးဆက်၊ စတုတ္ထ မျိုးဆက်သို့တိုင်အောင်ပင်ဒဏ်ခတ်တော်မူမည်' ဟုကတိထားတော်မူသည့်အတိုင်းပြုတော် မူပါ။-
Job 23:3ဘုရားသခင်ကိုတွေ့နိုင်သော အရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။