ကမ္ဘာဦးကျမ်း 18:32
နောက်တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အမျက်ထွက်တော်မမူပါနှင့်။ အကျွန်ုပ်တစ် ကြိမ်သာထပ်၍လျှောက်တင်ပါရစေ။ အပြစ် မဲ့သူဆယ်ယောက်မျှသာရှိလျှင် မြို့ကိုဖျက် ဆီးပစ်ဦးမည်လော'' ဟုလျှောက်ပြန်သည်။ ကိုယ်တော်က``အပြစ်မဲ့သူဆယ်ယောက်ရှိ လျှင် မြို့ကိုငါမဖျက်ဆီး'' ဟုမိန့်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 44:18ထိုနောက်ယုဒသည်ယောသပ်ထံသို့ချဉ်းကပ် ၍``အရှင်အားစကားတစ်ခွန်းကိုလျှောက်တင် ပါရစေ။ ကျွန်တော်အားအမျက်ထွက်တော်မ မူပါနှင့်။ အရှင်သည်ဖာရောဘုရင်ကဲ့သို့ ပင်ကြီးမြတ်တော်မူပါ၏။-
Exodus 32:14ထို့ကြောင့်ထာဝရဘုရားသည်အမျက် တော်ပြေ၍၊ မိမိလူမျိုးတော်အားပေး မည့်အပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့် ရစေတော်မူ၏။
Exodus 34:6ထိုနောက်ထာဝရဘုရားသည်မောရှေရှေ့ တွင်ဖြတ်ကြွသွားလျက်``ငါထာဝရဘုရား သည်သနားကရုဏာနှင့်ပြည့်စုံသောဘုရား၊ စိတ်ရှည်၍ကျေးဇူးကရုဏာနှင့်ကြွယ်ဝ သောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။-
Numbers 14:11ထာဝရဘုရားကမောရှေအား``ဤလူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုပစ်ပယ် ကြမည်နည်း။ ငါသည်သူတို့တွင်အံ့သြဖွယ် အမှုများစွာတို့ကိုပြခဲ့သော်လည်း သူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုမယုံ ကြည်မကိုးစားဘဲနေကြမည်နည်း။-
Job 33:23သို့ရာတွင်လူတို့အားတရားလမ်းကို ပြစေခြင်းငှါ၊ တထောင်တွင် အထွဋ်ဖြစ်၍၊ တရားစကားကို ပြန်တတ် သော တမန်ရှိလျှင်၊
Proverbs 15:8မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။