ကမ္ဘာဦးကျမ်း 18:7
အာဗြဟံသည်နွားအုပ်ရှိရာသို့ပြေးပြီးလျှင် ဆူဖြိုးနုနယ်သောနွားကလေးတစ်ကောင်ကို ရွေးလျက် ကျွန်တစ်ဦး၏လက်သို့အပ်၍ဟင်း လျာကိုအလျင်အမြန်ပြင်ဆင်စေ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 19:3ဧည့်သည်နှစ်ဦးတို့သည်လောတအဖန်တလဲလဲခေါ်ဖိတ်ခြင်းကြောင့် သူ၏အိမ်သို့လိုက်လာကြ၏။ လောတသည်သူ၏အစေခံတို့အားမုန့်ဖုတ်စေ၍ စားဖွယ်ကောင်းများကိုပြင်ဆင်စေ၏။ ထို့နောက်ဧည့်သည်တို့သည်သုံးဆောင်ကြ၏။
Amos 6:4ဆင်စွယ်ကုတင်များ၌လဲလျောင်းနေကြ သူတို့၊ သိုးငယ်နွားငယ်တို့၏အသားနုကို စားပြီးဖဲမွေ့ရာပေါ်၌လျောင်းကာအကြော ဆန့်နေကြသူတို့၊ သင်တို့သည်အရှက်တကွဲ အကျိုးနည်းဖြစ်ရတော့မည်။-
Matthew 22:4မင်းကြီးက `ငါ၏ညစာစားပွဲအသင့်ရှိပြီ။ နွား အစရှိသည့်ဆူဖြိုးသောတိရစ္ဆာန်များကိုလည်း သတ်ပြီးပြီ။ အားလုံးအဆင်သင့်ရှိပြီဖြစ်၍ မင်္ဂလာဆောင်ပွဲသို့ကြွရောက်ကြပါ' ဟုဖိတ် ကြားထားသူတို့အားပြောကြလော့ဟူ၍ အခြားမင်းစေတို့အားလွှတ်တော်မူ၏။-
Luke 15:27လုပ်သားက `အရှင်၏ညီသည်ဘေးမဲ့လုံခြုံစွာ ပြန်ရောက်လာသဖြင့် အရှင့်ဖခင်သည်ဆူဖြိုး အောင်ကျွေးထားသောနွားကလေးတစ်ကောင် ကိုသတ်ပါ၏' ဟုဆို၏။-