ကမ္ဘာဦးကျမ်း 19:1
ထိုနေ့ည၌ကောင်းကင်တမန်နှစ်ပါးတို့သည် သောဒုံမြို့သို့ရောက်ရှိလာကြသောအခါ လောတသည်မြို့တံခါးဝမှာထိုင်လျက်ရှိ၏။ ကောင်းကင်တမန်တို့ကိုမြင်လျှင် သူသည်ထ၍ခရီးဦးကြိုပြုလေ၏။ သူသည်သူတို့ရှေ့တွင်ဦးညွှတ်လျက်၊-
Common Language Bible
In The King James Version
In Context
Cross References
Genesis 13:12အာဗြံသည်ခါနာန်ပြည်တွင်နေထိုင်သည်။ လောတမူကားမြစ်ဝှမ်းရှိမြို့များနှင့်ပတ်ဝန်းကျင်တွင် နေထိုင်ရန်ရွေးချယ်လျက်သောဒုံမြို့အနီးတွင်တဲစခန်းချလေ၏။-
Genesis 18:22ထိုသူတို့သုံးဦးထဲမှနှစ်ဦးသည် သောဒုံမြို့ ဘက်သို့ထွက်ခွာသွားကြ၏။ ထာဝရဘုရား ကမူ အာဗြဟံနှင့်အတူနေရစ်ခဲ့လေသည်။-
Genesis 48:12ထိုနောက်မိမိ၏သားတို့ကိုအဖ၏ဒူးများ ကြားမှထုတ်ပြီးနောက် ယောသပ်သည်အဖ ၏ရှေ့၌ဦးညွှတ်ချလေ၏။
Job 29:7ငါသည်မြို့အလယ်၌ ရှောက်၍၊ မြို့တံခါးသို့ သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင်၊
Hebrews 13:2ဧည့်သည်ဝတ်ကိုပြုရန်မမေ့ကြနှင့်။ ယင်း သို့ဧည့်ဝတ်ကိုပြုသောသူအချို့တို့သည် ကောင်းကင်တမန်များကိုအမှတ်မထင် ဧည့်ခံခဲ့ကြပေသည်။-