ဟေဗြဲဩဝါဒစာ 13:2
ဧည့်သည်ဝတ်ကိုပြုရန်မမေ့ကြနှင့်။ ယင်း သို့ဧည့်ဝတ်ကိုပြုသောသူအချို့တို့သည် ကောင်းကင်တမန်များကိုအမှတ်မထင် ဧည့်ခံခဲ့ကြပေသည်။-
Common Language Bible
In The King James Version
Be not forgetful to entertain strangers: for thereby some have entertained angels unawares.
In Context
1သင်တို့သည်ခရစ်ယာန်ညီအစ်ကိုများအနေ ဖြင့် တစ်ဦးကိုတစ်ဦးချစ်မြဲချစ်ကြလော့။-
Cross References
Leviticus 19:34သူတို့အားတိုင်းရင်းသားချင်းကဲ့သို့ဆက်ဆံ၍ ကိုယ်နှင့်အမျှချစ်ခင်ရမည်။ သင်တို့သည်လည်း အီဂျစ်ပြည်တွင်သူစိမ်းတစ်ရံဆံအဖြစ်နေ ထိုင်ခဲ့ရဖူးကြောင်းကိုသတိရကြလော့။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။
Judges 13:15မာနော်သည်ထိုသူမှာကောင်းကင်တမန်ဖြစ် ကြောင်းကိုမသိသဖြင့်သူ့အား``ကျေးဇူးပြု ၍မသွားပါနှင့်ဦး။ သင့်အတွက်ဆိတ်ငယ် တစ်ကောင်ကိုအကျွန်ုပ်တို့ချက်ပြုတ်ပါရ စေ'' ဟုဆို၏။ သို့သော်ကောင်းကင်တမန်က``အကယ်၍ငါ သည်မသွားဘဲနေလျှင်လည်း သင်၏အစား အစာကိုစားလိမ့်မည်မဟုတ်။ အကယ်၍ထို အစားအစာတို့ကိုသင်ပြင်ဆင်လိုသည် ဆိုပါမူ ယင်းကိုမီးရှို့ရာယဇ်အဖြစ်ဖြင့် ထာဝရဘုရားအားပူဇော်လော့'' ဟု ဆိုလေသည်။
1 Kings 17:11မုဆိုးမသည်ရေခပ်ရန်ထွက်သွားသောအခါ ဧလိယက``ငါ့အတွက်မုန့်အနည်းငယ်ကို လည်းယူလာခဲ့ပါ'' ဟုဟစ်အော်၍ပြော၏။
Job 31:19အဝတ်မရှိသောကြောင့် သေခြင်းသို့ ရောက် သော သူတစုံတယောက်နှင့်၊ ခြုံစရာမရှိဘဲ ဆင်းရဲစွာ နေသောသူ တစုံတယောက်ကို ငါမြင်၍၊
Isaiah 58:7ဆာငတ်မွတ်သိပ်သူတို့ကိုကျွေးမွေးခြင်း၊ နေ စရာမရှိသည့်ဆင်းရဲသားတို့အားနေရာ ထိုင်ခင်းပေးအပ်ခြင်း၊ အဝတ်အစားချို့တဲ့ သူတို့အားပေးကမ်း၍သင်တို့အမျိုးသား များအားကူညီမစရမည့်တာဝန်ကိုမ ရှောင်မလွှဲဘဲနေခြင်းတို့ပင်ဖြစ်ပေသည်။
Matthew 25:40ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန်သင် တို့အားငါဆိုသည်ကား၊ ဤငါ၏ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူတစ်စုံတစ်ယောက်အား သင်တို့ပြုစုခဲ့သမျှသည်ငါ့အားပြုစုခြင်း ပင်မည်၏' ဟုမိန့်တော်မူလိမ့်မည်။