ကမ္ဘာဦးကျမ်း 2:1
ဘုရားသခင်သည်စကြဝဠာတစ်ခုလုံး ကို ဤသို့ဖန်ဆင်း၍ပြီးဆုံး၏။-
Common Language Bible
In The King James Version
Thus the heavens and the earth were finished, and all the host of them.
In Context
Cross References
Genesis 1:10ကုန်းကို``မြေကြီး'' ဟူ၍လည်းကောင်း၊ စုဝေး လျက်ရှိသောရေကို``ပင်လယ်'' ဟူ၍လည်းကောင်း ခေါ်တွင်စေတော်မူ၏။ ဘုရားသခင်သည် ထို အမှုအရာကိုရှုမြင်၍နှစ်သက်တော်မူ၏။-
Exodus 20:11ထာဝရဘုရားသည်ခြောက်ရက်အတွင်းမိုး ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့်ထိုအရပ်တို့ ၌ရှိသမျှတို့ကိုဖန်ဆင်း၍သတ္တမနေ့တွင် နားနေတော်မူ၏။ ထို့ကြောင့်ထာဝရဘုရား သည်ထိုနားရက်ကိုကောင်းချီးပေး၍ နေ့ထူး နေ့မြတ်သတ်မှတ်တော်မူ၏။
Deuteronomy 4:19မိုးကောင်းကင်တွင်မြင်ရသောနေ၊ လနှင့် ကြယ်နက္ခတ်စသည်များကိုလည်းဝတ်မပြု၊ မကိုးကွယ်မိစေရန်သတိပြုကြလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရား သည်အခြားလူမျိုးအပေါင်းတို့အား ထို အရာများကိုကိုးကွယ်ခွင့်ပေးတော်မူ၏။-
2 Kings 19:15ထိုနောက်ဤသို့ပတ္ထနာပြု၏။ ``ခမ်းနားတင့် တယ်သည့်ပလ္လင်ပေါ်တွင်စံတော်မူသော အို ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာလျှင်ကမ္ဘာ နိုင်ငံအရပ်ရပ်ကိုအစိုးရသောဘုရားဖြစ် တော်မူပါ၏။ ကိုယ်တော်သည်မိုးမြေကိုဖန် ဆင်းတော်မူပါ၏။-
2 Chronicles 2:12မိုးမြေကိုဖန်ဆင်းတော်မူသောဣသရေလ လူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား အားထောမနာပြုကြစေသတည်း။ ကိုယ် တော်သည်ဒါဝိဒ်အားအသိအလိမ္မာဉာဏ် ပညာရှိသောသားတော်တစ်ပါးကိုပေး တော်မူ၏။ ထိုသားတော်သည်ယခုထာဝရ ဘုရားအတွက်ဗိမာန်တော်နှင့် မိမိအတွက် နန်းတော်ကိုတည်ဆောက်ရန်အကြံအစည် ရှိ၏။-
Job 12:9ဤအမှုတို့ကို ထာဝရဘုရားစီရင်တော်မူ ကြောင်းကို၊ ထိုတိရစ္ဆာန်တကောင်မျှ မသိဘဲနေသလော။