ကမ္ဘာဦးကျမ်း 21:6
စာရာကလည်း``ဘုရားသခင်သည်ငါ့အားရယ် စေတော်မူပြီ။ ဤသတင်းကိုကြားရသောသူ တိုင်းငါနှင့်အတူရယ်လိမ့်မည်'' ဟုဆိုလေ၏။-
Common Language Bible
In The King James Version
And Sarah said, God hath made me to laugh, so that all that hear will laugh with me.
In Context
5ဣဇာက်ကိုဖွားမြင်သောအခါအာဗြဟံသည် အသက်တစ်ရာရှိပြီဖြစ်၏။-
Cross References
Genesis 18:12သို့ဖြစ်၍စာရာက``ငါသည်အို၍အားအင်ကုန် ခန်းလျက်ရှိပြီ။ ကာမစည်းစိမ်ကိုမည်သို့ခံစား နိုင်မည်နည်း။ ထို့အပြင်ငါ၏ယောကျာ်းသည်လည်း အိုပြီ'' ဟုတွေးတောကာပြုံးရယ်လေ၏။
Psalms 113:9ကိုယ်တော်သည်မြုံသောအိမ်ရှင်မအား ချီးမြှင့်တော်မူရာသားသမီးရစေ၍ ဝမ်းမြောက်စေတော်မူ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
Isaiah 49:15ထာဝရဘုရားက ``မိခင်တစ်ဦးသည်မိမိ၏ရင်ခွင်မှရင် သွေးငယ်ကို မေ့လျော့နိုင်ပါမည်လော။ မိမိကိုယ်ဝန်ဆောင်ခဲ့သောကလေးကိုမချစ်ဘဲ နေနိုင်ပါမည်လော။ မိခင်ဖြစ်သူသည်ကလေးငယ်ကိုမေ့လျော့သည် ဆိုစေဦး၊ ငါသည်သင်တို့ကိုအဘယ်အခါ၌မျှမေ့လျော့ လိမ့်မည်မဟုတ်။
Isaiah 54:1အို ယေရုရှလင်မြို့၊သင်သည်သားသမီးမရ သည့် အမျိုးသမီးနှင့်တူ၍နေခဲ့၏။ သို့ရာတွင်ယခုအခါ၌ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆို၍ကြွေးကြော်နိုင်လေပြီ။ ယခုသင်သည်ခင်ပွန်းဖြစ်သူ၏စွန့်ပစ်မှုကို အဘယ်အခါ၌မျှမခံရဘူးသည့် အမျိုးသမီးထက်ပင်ပို၍သားသမီးများကို ရရှိပေလိမ့်မည်။
Luke 1:46မာရိက၊ ``ငါ၏စိတ်နှလုံးသည်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းထောမနာပြုပါ၏။
John 16:21အမျိုးသမီးတစ်ဦးသည်မီးဖွားချိန်ရောက် သောအခါဝေဒနာပြင်းစွာခံစားရ၏။ မီး ဖွားပြီးသောအခါ၌မူကားလောကသို့လူ တစ်ယောက်ဖွားမြင်လာသဖြင့် မိမိခံစား ခဲ့ရသောဝေဒနာကိုသတိမရတော့ပေ။-