ကမ္ဘာဦးကျမ်း 22:14
အာဗြဟံသည်ထိုအရပ်ကို``ထာဝရဘုရား ပြင်ဆင် ပေးသည်'' ဟုသမုတ်လေ၏။ ယနေ့ထက်တိုင်လူ တို့က``တောင်ပေါ်မှာထာဝရဘုရားပြင်ဆင် ပေးလိမ့်မည်'' ဟူ၍ပြောဆိုလေ့ရှိကြ၏။
Common Language Bible
In The King James Version
In Context
15ထာဝရဘုရား၏ကောင်းကင်တမန်သည် ကောင်းကင်မှအာဗြဟံကိုဒုတိယအကြိမ် ခေါ်၍၊-
Cross References
Genesis 22:8အာဗြဟံက``ဘုရားသခင်ကိုယ်တော်တိုင် ယဇ်ကောင်ကိုစီမံပေးပါလိမ့်မည်'' ဟုပြန် ဖြေလိုက်၏။ ထိုနောက်သူတို့နှစ်ဦးဆက်၍ လျှောက်သွားကြလေသည်။
Genesis 28:19ထိုအရပ်ကိုဗေသလဟုနာမည်မှည့်ခေါ်လေ သည်။ (ယခင်ကထိုမြို့ကိုလုဇဟုခေါ်တွင်၏။)-
Exodus 17:15မောရှေသည်ယဇ်ပလ္လင်ကိုတည်၍``ထာဝရ ဘုရားသည်ငါ၏အလံဖြစ်၏'' ဟုနာမည် မှည့်လေ၏။-
Judges 6:24ဂိဒေါင်သည်ထိုအရပ်၌ထာဝရဘုရား အဖို့ယဇ်ပလ္လင်တစ်ခုတည်ဆောက်၍``ထာဝရ ဘုရားသည်စိတ်အေးချမ်းခြင်းဖြစ်တော်မူ၏'' ဟူသောအမည်ဖြင့်မှည့်ခေါ်လေသည်။ (ထို ယဇ်ပလ္လင်သည်အဗျေဇာသားချင်းစုပိုင် သြဖရရွာ၌ယနေ့တိုင်အောင်တည်ရှိ သတည်း။)
1 Samuel 29:10ဒါဝိဒ်၊ သင်နှင့်တကွရှောလုထံမှငါ့ထံသို့ ပြောင်းရွှေ့လာကြသူအပေါင်းတို့သည် နက်ဖြန် နံနက်စောစောထ၍မိုးလင်းလျှင်လင်းချင်း ထွက်ခွာသွားကြလော့'' ဟုပြန်ပြော၏။
Psalms 22:4ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်ကိုယ်တော်ကို ကိုးစားခဲ့ကြပါ၏။ ယင်းသို့သူတို့ကိုးစားသည့်အတိုင်း ကိုယ်တော်သည်လည်းသူတို့အား ကယ်တော်မူခဲ့ပါ၏။