ကမ္ဘာဦးကျမ်း 22:9
ဘုရားသခင်ညွှန်ပြတော်မူသောအရပ်သို့ ရောက်ကြသောအခါ အာဗြဟံသည်ယဇ်ပလ္လင် ကိုတည်၍ထင်းကိုပလ္လင်ပေါ်တွင်ပုံ၏။ ထိုနောက် သူ၏သားကိုတုတ်နှောင်ပြီးလျှင်ထင်းပုံပေါ် တွင်တင်ထား၏။-
Common Language Bible
In The King James Version
In Context
10ထိုနောက်သားကိုသတ်ရန်ဋ္ဌားကိုယူလိုက်၏။-
Cross References
Genesis 8:20နောဧသည်ထာဝရဘုရားအားပူဇော်ရန်ယဇ် ပလ္လင်ကိုတည်၍ သန့်စင်သောတိရစ္ဆာန်နှင့်ငှက်အမျိုး မျိုးထဲမှတစ်ကောင်ကျစီယူလျက် ပလ္လင်ထက်တွင် အကောင်လိုက်မီးရှို့ပူဇော်လေ၏။-
Genesis 22:2ထိုအခါဘုရားသခင်က``သင်အလွန်ချစ်သော သင်၏တစ်ဦးတည်းသောသားဣဇာက်ကိုခေါ်ဆောင် ၍မောရိပြည်သို့သွားလော့။ ထိုအရပ်တွင်ငါပြ မည့်တောင်ပေါ်၌သူ့ကိုယဇ်ကောင်အဖြစ်ဖြင့် ငါ့အားပူဇော်လော့'' ဟုအမိန့်ပေးတော် မူ၏။
Isaiah 53:4``သို့ရာတွင်သူသည်ငါတို့ခံထိုက်သည့်ဆင်းရဲ ဒုက္ခကိုလည်းကောင်း၊ ငါတို့ခံရမည့်ဝေဒနာကိုလည်းကောင်းခံပေသည်။ ယင်းသို့သူခံစားလျက်နေရသည့်ဒုက္ခဝေဒနာ ကိုပင်လျှင်၊ သူ့အားထာဝရဘုရားပေးအပ်သည့် အပြစ်ဒဏ်ဟုငါတို့ထင်မှတ်ကြ၏။
Matthew 26:1ဤသို့ဟောပြောသွန်သင်တော်မူပြီးသောအခါ ကိုယ်တော်က၊
Mark 15:1နံနက်စောစော၌ယဇ်ပုရောဟိတ်ကြီးတို့သည် ကျမ်းတတ်ဆရာများ၊ ဘာသာရေးခေါင်းဆောင် များနှင့်ယုဒတရားလွှတ်တော်အဖွဲ့ဝင်အပေါင်း တို့နှင့် အလျင်အမြန်တွေ့ဆုံ၍တိုင်ပင်ကြ၏။ ထိုနောက်သခင်ယေရှုကိုချည်နှောင်ကာ ပိလတ် မင်းထံသို့ခေါ်ဆောင်၍အပ်လိုက်ကြ၏။-
Acts 8:32ထိုသူဖတ်လျက်နေသည့်ကျမ်းချက်ကား၊ ``သတ်ရန်ဆွဲယူသွားသောသိုးကဲ့သို့ သူ့ကိုလည်းဆောင်ယူသွားကြ၏။ အမွှေးညှပ်သူတို့၏ရှေ့တွင်သိုးသားငယ်သည် နှုတ်ကိုပိတ်ထားသကဲ့သို့၊သူသည် မိမိနှုတ်ကိုမဖွင့်ဘဲနေ၏။