ရှင်မာကုခရစ်ဝင် 15:1
နံနက်စောစော၌ယဇ်ပုရောဟိတ်ကြီးတို့သည် ကျမ်းတတ်ဆရာများ၊ ဘာသာရေးခေါင်းဆောင် များနှင့်ယုဒတရားလွှတ်တော်အဖွဲ့ဝင်အပေါင်း တို့နှင့် အလျင်အမြန်တွေ့ဆုံ၍တိုင်ပင်ကြ၏။ ထိုနောက်သခင်ယေရှုကိုချည်နှောင်ကာ ပိလတ် မင်းထံသို့ခေါ်ဆောင်၍အပ်လိုက်ကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်မာကုခရစ်ဝင် 15
Cross References
Psalms 2:2ထိုသူတို့၏ဘုရင်တို့သည်ပုန်ကန်ကြ၏။ သူတို့၏ဘုရင်တို့သည်ထာဝရဘုရားနှင့် ကိုယ်တော်ဘိသိက်ပေးတော်မူသောဘုရင်အား ပုန်ကန်ရန်လျှို့ဝှက်တိုင်ပင်ကြ၏။
Matthew 20:18``နားထောင်လော့။ ငါတို့သည်ယေရုရှလင်မြို့သို့ ခရီးပြုလျက်ရှိ၏။ ထိုမြို့တွင်လူသားသည်ယဇ် ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာများ ၏လက်သို့အပ်နှံခြင်းကိုခံရလိမ့်မည်။ သူတို့ သည်လူသားအားသေဒဏ်စီရင်ကာ၊-
Mark 10:33ကိုယ်တော်က ``နားထောင်ကြလော့။ ငါတို့သည် ယေရုရှလင်မြို့သို့ခရီးပြုလျက်ရှိကြ၏။ ယေရုရှလင်မြို့တွင်လူသားအား ယဇ်ပုရော ဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာများ၏ လက်သို့အပ်နှံကြလိမ့်မည်။ သူတို့သည်လူ သားအားသေဒဏ်စီရင်၍ လူမျိုးခြားတို့၏ လက်သို့အပ်နှံကြလိမ့်မည်။-
Luke 22:66မိုးလင်းသောအခါယုဒအမျိုးသားခေါင်း ဆောင်များဖြစ်ကြသောယဇ်ပုရောဟိတ်ကြီး များနှင့် ကျမ်းတတ်ဆရာများသည်စုဝေး ကြ၏။ ထိုနောက်ကိုယ်တော်အားမိမိတို့၏ တရားလွှတ်တော်သို့ခေါ်ဆောင်သွားကြ၏။-
John 18:28လူတို့သည်သခင်ယေရှုအားကယာဖထံမှ ဘုရင်ခံမင်း၏အိမ်တော်သို့ခေါ်ဆောင်သွားကြ ၏။ အချိန်ကားနံနက်စောစောဖြစ်၏။ ယုဒ အမျိုးသားတို့သည်ပသခါညစာစားနိုင်ရန် မိမိတို့ကိုယ်ကိုဘာသာရေးကျင့်ထုံးအရ သန့်စင်စေလိုသဖြင့်အိမ်တော်ထဲသို့မဝင် ကြ။-
Acts 4:5နောက်တစ်နေ့၌ယုဒခေါင်းဆောင်များ၊ အကြီး အကဲများနှင့်ကျမ်းတတ်ဆရာများသည် ယေရုရှလင်မြို့တွင်စုဝေးကြပြီးလျှင်၊-