ကမ္ဘာဦးကျမ်း 23:19
ထိုနောက်အာဗြဟံသည်သူ၏မယားစာရာအလောင်းကိုခါနာန်ပြည်ရှိထိုဂူတွင်သင်္ဂြိုဟ်လေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 25:9သားများဖြစ်ကြသောဣဇာက်နှင့်ဣရှမေလ တို့သည် မံရေမြို့အရှေ့ဘက်ရှိဟိတ္တိအမျိုးသား ဇောရ၏သားဧဖရုန်ပိုင်ခဲ့သောမြေကွက်တွင် မပ္ပေလဂူ၌ဖခင်ကိုသင်္ဂြိုဟ်ကြ၏။-
Genesis 47:30အဖကိုအီဂျစ်ပြည်မှထုတ်ဆောင်၍အဖ၏ ဘိုးဘေးတို့သင်္ဂြိုဟ်ရာသင်္ချိုင်း၌သင်္ဂြိုဟ်ပါ လော့'' ဟုဆို၏။ ယောသပ်က``အဖဆန္ဒအတိုင်းကျွန်တော်ဆောင် ရွက်ပေးပါမည်'' ဟုဝန်ခံလေ၏။
Genesis 50:13ဖခင်၏အလောင်းကိုခါနာန်ပြည်သို့ယူ ဆောင်ခဲ့ပြီးလျှင် ဟိတ္တိအမျိုးသားဧဖရုန် ထံမှသင်္ချိုင်းမြေအဖြစ်အာဗြဟံဝယ်ယူ ထားသော မံရေမြို့အရှေ့မပ္ပေလမြေကွက်၌ ရှိသည့်သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြလေသည်။-
Job 30:23သေခြင်းသို့၎င်း၊ အသက်ရှင်သောသူခပ်သိမ်းတို့ အဘို့စီရင်သော နေရာသို့၎င်း၊ အကျွန်ုပ်ကို ပို့ဆောင် တော်မူမည်ဟု အကျွန်ုပ်သိပါ၏။
Ecclesiastes 12:5ထိုကာလ၌ မြင့်သောအရာတို့ကို ကြောက်ကြ လိမ့်မည်။ လမ်း၌ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌မိမိ လေးလိမ့်မည်။ အလိုဆန္ဒလျော့လိမ့်မည်။ အကြောင်းမူ ကား၊ လူသည်ထာဝရနေရာသို့ သွားဆဲရှိ၍၊ ငိုခြင်းသည် တို့သည် လမ်းတို့၌ လှည့်လည်ကြ၏။