ကမ္ဘာဦးကျမ်း 24:32
သို့ဖြစ်၍ထိုသူသည်လာဗန်တို့၏အိမ်သို့လိုက် ပါလာ၏။ လာဗန်သည်ကုလားအုတ်များမှဝန် စည်များကိုချပြီးလျှင် တိရစ္ဆာန်များကိုကောက် ရိုးနှင့်အစာကျွေးလေ၏။ ထိုနောက်အာဗြဟံ၏ အစေခံနှင့်သူ၏အဖော်တို့ခြေဆေးရန်ရေ ကိုလည်းယူခဲ့သည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 18:4ခြေဆေးရန်ရေယူခဲ့ပါရစေ။ ဤသစ်ပင် အောက်တွင်အပန်းဖြေနိုင်ပါသည်။-
Genesis 29:13လာဗန်သည်သူ၏တူယာကုပ်၏သတင်းကို ကြားရလျှင်ပြေး၍ သူ့အားဆီးကြိုဖက်ယမ်း နမ်းရှုပ်ပြီးလျှင်နေအိမ်သို့ခေါ်ဆောင်ခဲ့လေ သည်။ ယာကုပ်ကဖြစ်ခဲ့သမျှအကြောင်းကို အကုန်အစင်ပြောပြသောအခါ၊-
Judges 19:21သို့ဖြစ်၍သူသည်ထိုသူတို့ကိုမိမိ၏အိမ် သို့ခေါ်ဆောင်ပြီးလျှင် သူတို့၏မြည်းများ ကိုအစာကျွေး၏။ သူ၏ဧည့်သည်တို့သည် လည်းခြေဆေးပြီးလျှင်အစားအစာသုံး ဆောင်ကြလေသည်။
Luke 7:44ထိုနောက်အမျိုးသမီး၏ဘက်ကိုလှည့်၍ ရှိမုန်အား ``သင်သည်ဤအမျိုးသမီးကို မြင်သလော။ ငါသည်သင်၏အိမ်သို့ဝင်သော အခါ သင်သည်ခြေဆေးရေကိုမပေး။ သို့ ရာတွင်သူသည်မျက်ရည်ဖြင့် ငါ့ခြေကို ဆေး၍ဆံပင်ဖြင့်သုတ်လေပြီ။-
1 Timothy 5:10ထို့အပြင်ကောင်းမှုကြောင့်အသရေရှိသူဖြစ် ရမည်။ မိမိ၏သားသမီးများကိုကောင်းစွာ ပြုစုစောင့်ရှောက်ခဲ့သူ၊ ဧည့်ဝတ်ကျေပွန်သူ၊ ဘုရားသခင်၏လူစုတော်ဝင်တို့ခြေကိုဆေး သူ၊ ဒုက္ခရောက်သူတို့အားကူညီမစသူ၊ ကောင်း မှုအမျိုးမျိုးကိုကြိုးစားလုပ်ဆောင်ခဲ့သူ ဖြစ်ရမည်။