ကမ္ဘာဦးကျမ်း 24:45
စိတ်ထဲ၌ထိုကဲ့သို့ဆုတောင်း၍မပြီးမီ ရေဗက္ကသည် ပခုံးပေါ်တွင်ရေခရားတင်လျက် ရေခပ်ရန်ရေတွင်းသို့လာပါသည်။ ကျွန်ုပ်ကသူ့ အား`ရေတစ်ပေါက်လောက်သောက်ပါရစေ' ဟု တောင်း၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 24:15သူဆုတောင်း၍မဆုံးမီ၊ ရေဗက္ကဆိုသူအမျိုး သမီးသည်ရေခရားကိုပခုံးပေါ်တင်လျက် ရောက်ရှိလာလေသည်။ သူသည်အာဗြဟံ၏ညီ နာခေါ်နှင့်မယားမိလခါတို့၏သားဗေသွေ လ၏သမီးဖြစ်သည်။-
1 Samuel 1:13ဟန္နသည်ဆိတ်ဆိတ်ဆုတောင်းပတ္ထနာပြု၍နေ သဖြင့် သူ၏နှုတ်ခမ်းတို့သည်လှုပ်ရှားလျက်ရှိ သော်လည်းအသံကားမထွက်။ သို့ဖြစ်၍သူ့ အားအရက်မူးသည်ဟုထင်မှတ်သဖြင့်၊-
Nehemiah 2:4ဧကရာဇ်မင်းက``အဘယ်အရာကိုတောင်း လိုပါသနည်း'' ဟုမေးတော်မူ၏။ ငါသည်ကောင်းကင်ဘုံရှင်ဘုရားသခင် ထံတော်သို့ဆုတောင်းပတ္ထနာပြုပြီးမှ၊-
Isaiah 65:24သူတို့ပြုသည့်ဆုတောင်းပတ္ထနာမပြီးမဆုံး မီ၌ပင်လျှင် ငါသည်သူတို့၏ပန်ကြားချက် ကိုနားညောင်းမည်။-
Daniel 9:23သင်သည်ဘုရားသခင်အားစတင်အသ နားခံသောအခါ ကိုယ်တော်သည်သင့်ပတ္ထနာ ကိုနားထောင်တော်မူ၏။ ကိုယ်တော်သည်သင့် အားချစ်မြတ်နိုးတော်မူသည်ဖြစ်၍ ကိုယ် တော်၏ဖြေကြားချက်ကိုသင့်အားဖော် ပြရန် ငါ့ကိုစေလွှတ်တော်မူသည်။ ဗျာဒိတ် ရူပါရုံအကြောင်းကိုငါရှင်းလင်းဖော်ပြ နေစဉ်ဂရုပြု၍နားထောင်လော့။
Acts 4:24ထိုအကြောင်းကိုကြားကြသောအခါ ထိုသူ တို့သည်တညီတညွတ်တည်းဆုတောင်းကြ၏။ ``အစိုးရတော်မူသောအရှင်၊ ကိုယ်တော်ရှင် သည်ကောင်းကင်မြေကြီး၊ သမုဒ္ဒရာနှင့်ထို အရပ်များတွင်ရှိသမျှတို့ကိုဖန်ဆင်း တော်မူသောအရှင်ဖြစ်တော်မူပါ၏။-