ကမ္ဘာဦးကျမ်း 24:48
ထိုနောက်ကျွန်ုပ်သည်ထာဝရဘုရားအား ဦးညွှတ်ရှိခိုး၍ကျွန်ုပ်သခင်၏သားအတွက် မယားရှိရာဆွေမျိုးသားချင်းတို့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပို့ဆောင်တော်မူသောကျွန်ုပ် သခင်အာဗြဟံ၏ဘုရားသခင်ထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းပါသည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 24:26ထိုအခါသူသည်ဦးညွှတ်၍ထာဝရ ဘုရားကိုရှိခိုးလျက်၊-
Exodus 18:20သင်သည်သူတို့အားဘုရားသခင်၏အမိန့် နှင့်ပညတ်တော်များကိုသင်ကြားပေး၍ သူ တို့မည်ကဲ့သို့လိုက်နာကျင့်သုံးရမည်ကို ရှင်းလင်းပေးခြင်းမှာလည်းကောင်းပေ သည်။-
Psalms 32:8ထာဝရဘုရားက ``ငါသည်သင်လိုက်လျှောက်သင့်သည့်လမ်းကို ပြညွှန်မည်။ သင့်အားအကြံဉာဏ်ပေး၍ကြည့်ရှုပြုစုမည်။
Psalms 107:7ကိုယ်တော်သည်သူတို့နေထိုင်ရန်မြို့သို့လမ်း ဖြောင့်ဖြင့် ပို့ဆောင်တော်မူ၏။
Proverbs 4:11ပညာလမ်းကိုငါပြသ၍၊ မှန်သောလမ်းခရီးတို့၌ သင့်ကိုငါပို့ဆောင်၏။