ကမ္ဘာဦးကျမ်း 24:65
``လယ်ကွင်းထဲ၌ကျွန်ုပ်တို့ထံသို့လာနေသူ ကားမည်သူပါနည်း'' ဟုအာဗြဟံ၏အစေ ခံအားမေးလေ၏။ ``ကျွန်ုပ်၏သခင်ဖြစ်ပါသည်'' ဟုဖြေလျှင် ရေဗက္ကသည်ပုဝါကိုယူ၍မျက်နှာကိုဖုံးလိုက်၏။
Common Language Bible
In The King James Version
In Context
64ရေဗက္ကသည်ဣဇာက်ကိုမြင်လျှင်ကုလားအုတ် ပေါ်မှဆင်း၍၊-
66အစေခံကလည်းမိမိဆောင်ရွက်ခဲ့သမျှကို ဣဇာက်အားအကုန်အစင်ပြောပြလေ၏။-
Cross References
Genesis 38:14ထိုအခါသူသည်မုဆိုးမအဝတ်တို့ကိုချွတ်၍ မျက်နှာကိုပုဝါဖြင့်ဖုံးလျက် တိမနတ်သို့သွား ရာလမ်းတွင်တည်ရှိသောဧနိမ်မြို့အဝင်ဝ၌ ထိုင်နေလေ၏။ သူသည်ယုဒ၏အငယ်ဆုံးသား ရှေလအရွယ်ရောက်ပြီဖြစ်သော်လည်းသူနှင့် ထိမ်းမြားပေးခြင်းမပြုဘဲထားသောကြောင့် ဤသို့ပြုမူရခြင်းဖြစ်သည်။
1 Corinthians 11:5မိန်းမသည်စုဝေးဝတ်ပြုခြင်းတွင်မိမိ၏ဦး ခေါင်းကိုမဖုံးမအုပ်ဘဲဆုတောင်းပတ္ထနာပြု သော်လည်းကောင်း၊ တရားတော်ကိုကြေညာ သော်လည်းကောင်း မိမိခင်ပွန်း၏အသရေကို ရှုတ်ချသူဖြစ်၏။ သူသည်ခေါင်းတုံးရိတ်ထား သည့်အမျိုးသမီးနှင့်မထူးခြားတော့ချေ။-
1 Timothy 2:9အမျိုးသမီးတို့အားလည်းလျောက်ပတ် တင့်တယ်စွာဝတ်စားဆင်ယင်ကြစေလို၏။ ဆံပင်ကိုအလှထုံးခြင်း၊ ရွှေ၊ ပုလဲသို့ မဟုတ်အဖိုးထိုက်သည့်အဝတ်တန်ဆာ များကိုဝတ်ဆင်ခြင်းတို့ကိုမပြုသင့်ကြ။-