The Bible Software
bible.software › ကမ္ဘာဦးကျမ်း › ကမ္ဘာဦးကျမ်း 25 › ကမ္ဘာဦးကျမ်း 25:23

ကမ္ဘာဦးကျမ်း 25:23

ထာ​ဝ​ရ​ဘု​ရား​က​ရေ​ဗက္က​အား ``သင်​၏​ဝမ်း​ထဲ​၌​လူ​နှစ်​မျိုး​ရှိ​၏။ သင်​သည်​အ​ချင်း​ချင်း​ပြိုင်​ဆိုင်​မည့် လူ​မျိုး​နှစ်​မျိုး​ကို​ဖွား​မြင်​မည်။ လူ​မျိုး​တစ်​မျိုး​သည်​အ​ခြား​တစ်​မျိုး​ထက် ခွန်​အား​ကြီး​မည်။ အ​ကြီး​ဖြစ်​သူ​က​အ​ငယ်​၏​အ​စေ​ကို​ခံ ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

Common Language Bible

In The King James Version

And the LORD said unto her, Two nations are in thy womb, and two manner of people shall be separated from thy bowels; and the one people shall be stronger than the other people; and the elder shall serve the younger.

In Context

22သူ​၏​ပဋိ​သန္ဓေ​မှာ​က​လေး​အ​မြွှာ​တည်​၍​ထို က​လေး​တို့​သည်​မ​မွေး​ဖွား​မီ​က အ​မိ​၏​ဝမ်း ထဲ​မှာ​အ​ချင်း​ချင်း​အား​ပြိုင်​ကြ​၏။ ထို​အ​ခါ ရေ​ဗက္က​က``ကျွန်​မ​တွင်​အ​ဘယ်​ကြောင့်​ဤ​သို့ ဖြစ်​ရ​သ​နည်း'' ဟု​ဆို​၍​ထာ​ဝ​ရ​ဘု​ရား ထံ​လျှောက်​ထား​လေ​သည်။

24ရေ​ဗက္က​သည်​သား​ဖွား​ချိန်​စေ့​သော​အ​ခါ သား အ​မြွှာ​ကို​ဖွား​မြင်​လေ​သည်။-

Read all of ကမ္ဘာဦးကျမ်း 25

Cross References

Genesis 17:4``သင်​နှင့်​ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​မှာ​ဤ​သို့​ဖြစ် ၏။ သင့်​အား​လူ​များ​စွာ​တို့​၏​ဖ​ခင်​ဖြစ်​စေ​မည်။-

Genesis 24:60သူ​တို့​က၊ ``ငါ​တို့​၏​နှမ​သည်​လူ​ပေါင်း​သိန်း​သန်း​တို့​၏ မိ​ခင်​ဖြစ်​ပါ​စေ။ သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ရန်​သူ​တို့​၏​မြို့ များ​ကို တိုက်​ခိုက်​အောင်​မြင်​ကြ​ပါ​စေ'' ဟု​ဆို​၍ ရေ​ဗက္က​အား​ကောင်း​ချီး​ပေး​ကြ၏။

Genesis 27:29တိုင်း​နိုင်​ငံ​တို့​သည်​သင်​၏​အ​စေ​ကို​ခံ​ရ​ကြ စေ​သ​တည်း။ လူ​မျိုး​အ​ပေါင်း​တို့​သည်​သင့်​အား ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည်​ဆွေ​မျိုး သား​ချင်း​တို့​ကို​ကြီး​စိုး​ရ​စေ​သ​တည်း။ သင်​၏ အ​မိ​အ​ဆက်​အ​နွယ်​တို့​သည်​သင့်​အား​ဦး​ညွှတ် ရ​ကြ​စေ​သ​တည်း။ သင့်​အား​ကျိန်​စာ​သင့်​သော သူ​တို့​ကို​ကျိန်​စာ​သင့်​စေ​သ​တည်း။ သင့်​အား ကောင်း​ချီး​ပေး​သူ​တို့​သည်​ကောင်း​ချီး​ခံ​စား ရ​ကြ​စေ​သ​တည်း'' ဟု​ကောင်း​ချီး​ပေး​လေ ၏။

Genesis 27:40သင်​သည်​ကိုယ့်​ဋ္ဌား​ဖြင့်​အ​သက်​မွေး​ရ​မည်။ သင်​၏​ညီ​အ​စေ​ကို​ခံ​ရ​မည်။ သို့​ရာ​တွင်​သင်​သည်​ကြိုး​ပမ်း​အား​ထုတ်​လျှင်၊ သူ​၏​အ​ချုပ်​အ​နှောင်​မှ​လွတ်​မြောက်​လိမ့်​မည်'' ဟု​ဆို​လေ​၏။

Genesis 33:3ယာ​ကုပ်​သည်​ထို​သူ​တို့​ရှေ့​က​သွား​၍​အစ်​ကို ၏​အ​နီး​သို့​ချဉ်း​ကပ်​မိ​လျှင် ခု​နစ်​ကြိမ်​ဦး​ညွှတ် ၍​အ​ရို​အ​သေ​ပြု​လေ​သည်။-

Genesis 48:19သို့​ရာ​တွင်​သူ​၏​အဖ​က​ငြင်း​ဆန်​၍``ငါ့​သား၊ အ​ဖ​သိ​ပါ​သည်။ မ​နာ​ရှေ​၏​အ​ဆက်​အ​နွယ် တို့​သည်​လည်း​လူ​မျိုး​ကြီး​ဖြစ်​လိမ့်​မည်။ သို့ သော်​လည်း​သူ့​ညီ​သည် သူ့​ထက်​သာ​၍​ကြီး မြတ်​မည်​ဖြစ်​၍ သူ​၏​အ​ဆက်​အ​နွယ်​တို့​သည် လူ​မျိုး​ကြီး​များ​ဖြစ်​လာ​လိမ့်​မည်'' ဟု​ဆို လေ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ကမ္ဘာဦးကျမ်း 25:23

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ကမ္ဘာဦးကျမ်း 25:22ကမ္ဘာဦးကျမ်း 25ကမ္ဘာဦးကျမ်း 25:24 →