The Bible Software
bible.software › ကမ္ဘာဦးကျမ်း › ကမ္ဘာဦးကျမ်း 48 › ကမ္ဘာဦးကျမ်း 48:19

ကမ္ဘာဦးကျမ်း 48:19

သို့​ရာ​တွင်​သူ​၏​အဖ​က​ငြင်း​ဆန်​၍``ငါ့​သား၊ အ​ဖ​သိ​ပါ​သည်။ မ​နာ​ရှေ​၏​အ​ဆက်​အ​နွယ် တို့​သည်​လည်း​လူ​မျိုး​ကြီး​ဖြစ်​လိမ့်​မည်။ သို့ သော်​လည်း​သူ့​ညီ​သည် သူ့​ထက်​သာ​၍​ကြီး မြတ်​မည်​ဖြစ်​၍ သူ​၏​အ​ဆက်​အ​နွယ်​တို့​သည် လူ​မျိုး​ကြီး​များ​ဖြစ်​လာ​လိမ့်​မည်'' ဟု​ဆို လေ​၏။

Common Language Bible

In The King James Version

And his father refused, and said, I know it, my son, I know it: he also shall become a people, and he also shall be great: but truly his younger brother shall be greater than he, and his seed shall become a multitude of nations.

In Context

18``အ​ဖ​လက်​အ​ထား​မှား​နေ​ပါ​သည်။ ဤ​သူ ငယ်​သည်​သား​ကြီး​ဖြစ်​ပါ​၏။ သူ​၏​ဦး​ခေါင်း ပေါ်​မှာ​အ​ဖ​၏​လက်​ယာ​လက်​ကို​တင်​ပါ'' ဟု​ဆို​လေ​၏။

20သို့​ဖြစ်​၍​ယာ​ကုပ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​သင်​တို့​၏​နာ​မည်​များ​ကို​အ​သုံး ပြု​လျက်​ကောင်း​ချီး​ပေး​ကြ​လိမ့်​မည်။ သူ​တို့ က`ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​တို့​ကဲ့​သို့​သင့်​ကို​ကြီး ပွား​စေ​ရန်​ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​ပါ​စေ သော' ဟု​ဆို​ကြ​လိမ့်​မည်'' ဟူ​၍​ထို​နေ့​၌​သူ ငယ်​တို့​အား​ကောင်း​ချီး​ပေး​လေ​၏။ ဤ​နည်း အား​ဖြင့်​ယာ​ကုပ်​သည်​ဧ​ဖ​ရိမ်​၏​နာ​မည် ကို​မ​နာ​ရှေ​၏​နာ​မည်​ရှေ့​၌​ထား​သ​တည်း။

Read all of ကမ္ဘာဦးကျမ်း 48

Cross References

Genesis 25:23ထာ​ဝ​ရ​ဘု​ရား​က​ရေ​ဗက္က​အား ``သင်​၏​ဝမ်း​ထဲ​၌​လူ​နှစ်​မျိုး​ရှိ​၏။ သင်​သည်​အ​ချင်း​ချင်း​ပြိုင်​ဆိုင်​မည့် လူ​မျိုး​နှစ်​မျိုး​ကို​ဖွား​မြင်​မည်။ လူ​မျိုး​တစ်​မျိုး​သည်​အ​ခြား​တစ်​မျိုး​ထက် ခွန်​အား​ကြီး​မည်။ အ​ကြီး​ဖြစ်​သူ​က​အ​ငယ်​၏​အ​စေ​ကို​ခံ ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

Genesis 48:14သို့​ရာ​တွင်​ယာ​ကုပ်​သည်​မိ​မိ​လက်​ကို​ယှက် ၍​သား​ငယ်​ဖြစ်​သူ ဧ​ဖ​ရိမ်​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ယာ​လက်​ကို​လည်း​ကောင်း၊ သား​ကြီး ဖြစ်​သူ​မ​နာ​ရှေ​၏​ဦး​ခေါင်း​ပေါ်​တွင်​လက် ဝဲ​လက်​ကို​လည်း​ကောင်း​တင်​၍၊

Deuteronomy 33:17ယော​သပ်​သည်​နွား​လား​ဥ​သ​ဖ​ကဲ့​သို့​လည်း ကောင်း၊ နွား​ရိုင်း​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း​ခွန်​အား ကြီး​၏။ သူ​၏​ဦး​ချို​များ​သည်​ကား​မ​နာ​ရှေ​အ​နွယ်​ဝင်​နှင့် ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ထောင်​သောင်း​များ​စွာ​တို့ ဖြစ်​သ​တည်း။ သူ​သည်​ထို​ဦး​ချို​များ​ဖြင့်​လူ​အ​မျိုး​မျိုး​တို့​ကို မြေ​ကြီး​အ​စွန်း​သို့​တိုင်​အောင်​ခတ်​ထုတ်​လိမ့်​မည်။''

Isaiah 7:17``ဣ​သ​ရေ​လ​နှင့်​ယု​ဒ​နှစ်​ခြမ်း​ကွဲ​ချိန်​မှ​အ​စ ပြု​၍ မ​ကြုံ​ဘူး​သေး​သော​ဘေး​ဒုက္ခ​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​သင်​၏​ပြည်​သူ​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ မင်း​ဆွေ​မင်း​မျိုး​မှန် သ​မျှ​အ​ပေါ်​သို့​လည်း​ကောင်း​သက်​ရောက်​စေ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​အာ​ရှု​ရိ ဘု​ရင်​ကို​ခေါ်​ဆောင်​လာ​တော်​မူ​ပေ​အံ့။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ကမ္ဘာဦးကျမ်း 48:19

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ကမ္ဘာဦးကျမ်း 48:18ကမ္ဘာဦးကျမ်း 48ကမ္ဘာဦးကျမ်း 48:20 →