ကမ္ဘာဦးကျမ်း 26:3
ယခုဤပြည်၌နေလော့။ ငါသည်သင်နှင့် အတူရှိ၍ကောင်းချီးပေးမည်။ ဤဒေသအား လုံးကိုသင်နှင့်သင်၏အဆက်အနွယ်တို့အား ငါပေးမည်။ သင်၏အဖအာဗြဟံအားငါ ထားသောကတိအတိုင်းငါပြုမည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 12:7ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
Genesis 13:17သင်သည်ယခုထ၍မြေတစ်ပြင်လုံးကိုလှည့်ပတ်ကြည့်ရှုလော့။ သင်မြင်ရသမျှသောမြေကိုသင့်အားငါပေးမည်'' ဟုမိန့်တော်မူ၏။-
Genesis 17:8ယခုသင်သူစိမ်းတစ်ရံဆံအဖြစ်နှင့်နေထိုင် ရသော ဤပြည်ကိုသင်နှင့်သင်၏အဆက်အနွယ် တို့အားငါပေးမည်။ ခါနာန်ပြည်တစ်ပြည်လုံး ကို သင်၏အဆက်အနွယ်တို့အားထာဝစဉ် အပိုင်ပေးမည်။ ငါသည်လည်းသူတို့၏ဘုရား ဖြစ်မည်'' ဟုမိန့်တော်မူ၏။
Genesis 20:1အာဗြဟံသည်မံရေအရပ်မှခါနာန်ပြည်တောင် ပိုင်းသို့ပြောင်းရွှေ့ခဲ့ပြီးလျှင် ကာဒေရှမြို့နှင့်ရှုရ မြို့စပ်ကြားရှိအရပ်တွင်နေထိုင်လေ၏။ သူသည် ဂေရာမြို့၌နေထိုင်စဉ်၊-
Genesis 26:12ဣဇာက်သည်ထိုပြည်တွင်နေထိုင်စဉ် ကောက်ပဲ သီးနှံစိုက်ပျိုးလုပ်ကိုင်ရာ ထာဝရဘုရား သည်သူ့အားကောင်းချီးပေးသဖြင့် ထိုနှစ် တွင်အဆတစ်ရာမျှသောအသီးအနှံကို ရိတ်သိမ်းရသည်။-
Genesis 26:24ထိုညမှာထာဝရဘုရားသည်သူ့အားကိုယ် ထင်ပြ၍``ငါသည်သင်၏အဖအာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင်တို့နှင့် အတူရှိ၏။ ငါ၏ကျွန်အာဗြဟံအားထား သောကတိတော်ကိုထောက်၍သင့်ကိုကောင်းချီး ပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းများ ပြားစေမည်'' ဟုမိန့်တော်မူသည်။-