ကမ္ဘာဦးကျမ်း 27:13
ငါ့သား၊ သင်ခံရမည့်ကျိန်စာသင့်ခြင်းကို ငါခံရပါစေ။ ငါပြောသည့်အတိုင်းဆိတ် များကိုသာငါ့ထံသို့ယူခဲ့ပါ'' ဟုမိခင် ကဆိုလေ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 25:33ယာကုပ်က``သင်၏သားဦးအရာကိုပေးမည် ဟုဦးစွာကတိသစ္စာဆိုပါ'' ဟုပြောသည်။ ဧသောသည်ကတိသစ္စာဆို၍သားဦး အရာကိုယာကုပ်အားပေးလိုက်၏။-
Genesis 43:9ကျွန်တော်သည်သူငယ်အတွက်အာမခံပါ မည်။ သူ့အတွက်တာဝန်ယူပါမည်။ သူငယ် ကိုအဖထံသို့ဘေးကင်းလုံခြုံစွာပြန်၍ မခေါ်ဆောင်ခဲ့လျှင် ကျွန်တော်သည်တစ်သက် လုံးအပြစ်တင်ခံရပါစေ။-
1 Samuel 14:36ရှောလုသည်မိမိ၏လူတို့အား``ငါတို့သည် ဖိလိတ္တိအမျိုးသားတို့အားညဥ့်အခါ သွား ရောက်တိုက်ခိုက်ကြကုန်အံ့။ မိုးလင်းသည်တိုင် အောင်သူတို့အားလုယက်၍တစ်ယောက်မကျန် သုတ်သင်ပစ်ကြကုန်အံ့'' ဟုမိန့်တော်မူလျှင် လူတို့က``စိတ်တော်ရှိသည်အတိုင်းပြုတော် မူပါ'' ဟုလျှောက်ထားကြ၏။ သို့ရာတွင်ယဇ်ပုရောဟိတ်က``ငါတို့သည် ဦးစွာထာဝရဘုရားအားမေးမြန်း လျှောက်ထားကြကုန်အံ့'' ဟုဆို၏။
2 Samuel 14:9အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင် အဘယ်သို့ပင်ပြုသည်မဆိုကျွန်တော်မ နှင့်မိသားစုတို့အပေါ်အပြစ်ရောက်ပါ စေသော။ အရှင်နှင့်အရှင့်ဆွေတော်မျိုးတော် တို့သည်အပြစ်ကင်းကြပါစေသော'' ဟု လျှောက်၏။
Matthew 27:25လူအပေါင်းတို့က ``ထိုသူသေရခြင်းအတွက် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏သားမြေးများ ၏တာဝန်ဖြစ်ပါစေ'' ဟုဆိုကြ၏။