ကမ္ဘာဦးကျမ်း 43:9
ကျွန်တော်သည်သူငယ်အတွက်အာမခံပါ မည်။ သူ့အတွက်တာဝန်ယူပါမည်။ သူငယ် ကိုအဖထံသို့ဘေးကင်းလုံခြုံစွာပြန်၍ မခေါ်ဆောင်ခဲ့လျှင် ကျွန်တော်သည်တစ်သက် လုံးအပြစ်တင်ခံရပါစေ။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 9:5လူ့အသက်ကိုသတ်သောသူအားဒဏ်ခံစေမည်။ လူကိုသတ်သောတိရစ္ဆာန်အားငါသည်သေဒဏ်ခံစေမည်။-
Genesis 42:37ထိုအခါရုဗင်ကအဖအား``ဗင်္ယာမိန်ကို အဖထံသို့ကျွန်တော်ပြန်၍မခေါ်နိုင်ခဲ့ လျှင် ကျွန်တော်၏သားနှစ်ယောက်သေဒဏ်ခံ ရပါစေ။ သူ့အတွက်ကျွန်တော်တာဝန်ယူ ပါမည်။ အဖထံသို့သူ့ကိုကျွန်တော်အရောက် ပြန်လည်ခေါ်ဆောင်ခဲ့ပါမည်'' ဟုပြောလေ၏။
1 Kings 1:21အရှင်ဤသို့မိန့်တော်မမူပါလျှင်ကျွန်မနှင့် ကျွန်မ၏သားရှောလမုန်သည် အရှင်မရှိသည့် နောက်သစ္စာဖောက်များအဖြစ်ဖြင့်ရာဇဝတ် သင့်သူများဖြစ်ကြတော့မည်'' ဟုလျှောက်၏။
Psalms 119:122ကိုယ်တော်ရှင်၏အစေခံအား ကူမတော်မူမည်ဟူသောကတိတော်ကို ပေးတော်မူပါ။ ကွန်တော်မျိုးကိုဖိနှိပ်ရန်မာန်မာနကြီး သူတို့အား ခွင့်ပြုတော်မမူပါနှင့်။
Ezekiel 3:20``သူတော်ကောင်းတစ်ယောက်သည်မကောင်းမှု ကိုပြုလာသဖြင့် ငါသည်သူ့အားအန္တရာယ် ရှိသောအခြေအနေသို့ရောက်စေ၍သူသည် သေရမည်။ ထိုအခါသင်သည်သူ့ကိုသတိ မပေးဘဲနေပါမူ သူသည်မိမိကူးလွန် သည့်အပြစ်အတွက်သေရလိမ့်မည်။ ယခင် ကသူပြုသည့်ကောင်းမှုများကိုငါသတိ ရလိမ့်မည်မဟုတ်။ ထိုအခါထိုသူသေရ သည့်အတွက်သင့်မှာတာဝန်ရှိ၏။-
Ezekiel 33:8အကယ်၍ငါကဆိုးယုတ်သူတစ်စုံတစ် ယောက်အားသေရလိမ့်မည်ဟုဆိုလျှင် သင် သည်ထိုသူအသက်မသေစေရန်သူ၏ အပြုအမူပြောင်းလဲဖို့သတိပေးရမည်။ မပေးဘဲနေပါမူသူသည်အပြစ်ကူး လွန်သူအဖြစ်ဖြင့်ပင်သေလိမ့်မည်။ ထို အခါငါသည်ထိုသေဆုံးသူ၏သွေး အတွက်သင့်မှာတာဝန်ရှိစေမည်။-