ကမ္ဘာဦးကျမ်း 29:1
ယာကုပ်သည်အရှေ့ပြည်သို့ရှေ့ရှု၍ခရီးဆက် ခဲ့လေသည်။-
Common Language Bible
In The King James Version
Then Jacob went on his journey, and came into the land of the people of the east.
In Context
Cross References
Genesis 24:10အာဗြဟံ၏ပစ္စည်းဥစ္စာကိုအုပ်ထိန်းရသော ထိုအစေခံသည် မိမိသခင်၏ကုလားအုတ် များထဲမှကုလားအုတ်ဆယ်စီးကိုယူ၍ မက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်းရှိ နာခေါ်နေထိုင်ရာမြို့သို့ခရီးထွက်ခဲ့လေသည်။-
Genesis 25:20ဣဇာက်သည်အသက်လေးဆယ်ရှိသောအခါ ပါဒနာရံပြည်မှ ရှုရိအမျိုးသားဗေသွေလ ၏သမီး၊ လာဗန်၏နှမရေဗက္ကနှင့်အိမ်ထောင် ပြုလေသည်။-
Genesis 35:1ဘုရားသခင်ကယာကုပ်အား``ဗေသလအရပ် သို့ယခုသွား၍နေထိုင်လော့။ သင်၏အစ်ကို ဧသောရန်ကိုကြောက်၍ထွက်ပြေးနေရစဉ်က သင်ဖူးတွေ့ရသောငါဘုရားအတွက်ပူဇော် ရာယဇ်ပလ္လင်ကိုတည်လော့'' ဟုမိန့်တော်မူ ၏။
Numbers 23:7ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆို၏။ ``မောဘပြည်ဘုရင်ဗာလက်ကရှုရိပြည်တည်ရာ အရှေ့တောင်တန်းများမှငါ့အားခေါ်ဆောင်ခဲ့လေ ပြီ။ ဘုရင်က`လာ၍ယာကုပ်အဆက်အနွယ်တို့ကို ကျိန်ဆဲပါလော့။ လာ၍ဣသရေလအမျိုးသားတို့ကို ရှုတ်ချပါလော့' ဟုဆို၏။
Judges 6:33ထိုအခါမိဒျန်အမျိုးသားများ၊ အာမလက် အမျိုးသားများ၊ သဲကန္တာရနေလူမျိုးအပေါင်း တို့သည်စုဝေး၍ယော်ဒန်မြစ်ကိုဖြတ်ပြီးလျှင် ယေဇရေလချိုင့်တွင်စခန်းချကြ၏။-
Judges 8:10ဇေဘဟနှင့်ဇာလမုန္နတို့သည် မိမိတို့၏တပ်မ တော်နှင့်အတူ ကာကော်မြို့၌ရှိကြ၏။ သဲကန္တာရ နေသူတို့၏တပ်မတော်ကြီးတစ်ခုလုံးအနက် လူတစ်သိန်းနှစ်သောင်းကျဆုံး၍တစ်သောင်း ငါးထောင်သာကျန်တော့၏။-