ကမ္ဘာဦးကျမ်း 29:33
လေအာသည်တစ်ဖန်ကိုယ်ဝန်ဆောင်၍သားတစ် ယောက်ကိုဖွားမြင်ပြန်သောအခါသူက``ငါ ၏လင်ယောကျာ်းသည်ငါ့အားမချစ်ကြောင်း ကိုထာဝရဘုရားကြားသိတော်မူသဖြင့် ဤသားကိုလည်းပေးသနားတော်မူပြီ'' ဟု ဆို၍ထိုသားကိုရှိမောင်ဟုနာမည်မှည့်လေ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 30:6ရာခေလက``ဘုရားသခင်သည်ငါ့ဘက်၌ တရားစီရင်တော်မူပြီ။ ငါ၏ဆုတောင်းပတ္ထနာ ကိုနားညောင်း၍ငါ့အားသားကိုပေးသနား တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုဒန်ဟူ၍ နာမည်မှည့်လေ၏။-
Genesis 30:18ထိုအခါလေအာက``ငါသည်ငါ၏ကျွန်မ ကိုလင်ယောကျာ်းအားပေးအပ်သောကြောင့် ဘုရားသခင်ကငါ့အားဆုချတော်မူပြီ'' ဟုဆိုလျက် ထိုသားကိုဣသခါဟူ၍နာမည်မှည့်လေသည်။-
Genesis 34:25ထိုနောက်သုံးရက်မြောက်သောနေ့၌မြို့သား တို့သည် အရေဖျားလှီးခြင်းကြောင့်ဝေဒနာ ခံနေရစဉ် ယာကုပ်၏သားများဖြစ်ကြသော ဒိန၏အစ်ကိုရှိမောင်နှင့်လေဝိတို့သည်ဋ္ဌား ကိုစွဲကိုင်လျက် မြို့တွင်းသို့အမှတ်မထင်ဝင် ရောက်ပြီးလျှင်ယောကျာ်းရှိသမျှတို့ကိုသတ် လေ၏။-
Genesis 35:23လေအာမှဖွားမြင်သောသားများမှာရုဗင် (ယာကုပ်၏သားဦး) ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါနှင့်ဇာဗုလုန်တို့ဖြစ်သည်။
Genesis 49:5ရှိမောင်နှင့်လေဝိတို့သည်ညီအစ်ကိုဖြစ် ကြ၏။ သူတို့သည်လက်နက်များကိုအသုံးပြု ကာ အကြမ်းဖက်မှုပြုခဲ့ကြလေပြီ။