ကမ္ဘာဦးကျမ်း 29:34
ထိုနောက်သူသည်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားတစ်ယောက်ကိုဖွားမြင်ပြန်သည်ရှိသော် သူက``ငါ၏လင်ယောကျာ်းအားသားသုံး ယောက်ကိုဖွားမြင်ပေးပြီဖြစ်ရာသူသည် ငါ့အားယခင်ကထက်ပို၍ခင်တွယ်မှုရှိ မည်'' ဟုဆိုလျက်တတိယသားကိုလေဝိ ဟူ၍နာမည်မှည့်လေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 30:20ထိုအခါသူက``ဘုရားသခင်သည်ငါ့အား လက်ဆောင်ကောင်းကိုပေးသနားတော်မူပြီ။ ငါ သည်သားခြောက်ယောက်ကိုဖွားမြင်ပေးသဖြင့် ယခုငါ၏လင်ယောကျာ်းသည်ငါ့ကိုမြတ်နိုး လိမ့်မည်'' ဟုဆိုလျက်ထိုသားကိုဇာဗုလုန် ဟူ၍နာမည်မှည့်လေ၏။-
Genesis 35:23လေအာမှဖွားမြင်သောသားများမှာရုဗင် (ယာကုပ်၏သားဦး) ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါနှင့်ဇာဗုလုန်တို့ဖြစ်သည်။
Genesis 49:5ရှိမောင်နှင့်လေဝိတို့သည်ညီအစ်ကိုဖြစ် ကြ၏။ သူတို့သည်လက်နက်များကိုအသုံးပြု ကာ အကြမ်းဖက်မှုပြုခဲ့ကြလေပြီ။
Exodus 32:26ထို့ကြောင့်သူသည်စခန်းပေါက်ဝတွင်ရပ် လျက်``ထာဝရဘုရား၏ဘက်တော်သားဖြစ် သူတို့၊ ငါ့ထံသို့လာကြလော့'' ဟုအော်ဟစ် ဖိတ်ခေါ်လေ၏။ ထိုအခါလေဝိအမျိုးသား အပေါင်းတို့သည်မောရှေထံသို့စုရုံးလာ ကြသောအခါ၊-
Deuteronomy 33:8လေဝိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေသည်။ ``အို ထာဝရဘုရားကိုယ်တော်၏အလိုတော်ကို ကိုယ်တော်အားသစ္စာစောင့်သောအစေခံ လေဝိအနွယ်ဝင်တို့မှတစ်ဆင့် သုမိမ်နှင့်ဥရိမ် အားဖြင့်ဖော်ပြတော်မူပါ၏။ ကိုယ်တော်သည်မဿာအရပ်တွင်သူတို့၌ သစ္စာရှိသည်မရှိသည်ကိုစစ်ဆေး၍ မေရိဘစမ်း၌သူတို့သစ္စာရှိသည်ကို သိမြင်တော်မူပါသည်။