ကမ္ဘာဦးကျမ်း 31:53
အာဗြဟံ၏ဘုရားနှင့်နာခေါ်၏ဘုရား သည်ငါတို့နှစ်ဦးစပ်ကြားတွင်စီရင်တော် မူစေသတည်း'' ဟုသစ္စာအဋ္ဌိဋ္ဌာန်ပြုလေ၏။ ထိုနောက်ယာကုပ်သည်လည်းသူ၏ဖခင် ဣဇာက်ကိုးကွယ်သောဘုရားသခင်၏နာမ တော်ကိုတိုင်တည်၍သစ္စာအဋ္ဌိဋ္ဌာန်ဆို၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 11:24နာခေါ်သည်အသက်နှစ်ဆယ့်ကိုးနှစ်ရှိသော အခါ တေရအမည်ရှိသားကိုရ၏။-
Genesis 14:22ထိုအခါအာဗြံက``သင်၏ဥစ္စာဟူ၍အပ်ချည် တစ်မျှင်၊ ခြေနင်းကြိုးတစ်စကိုမျှငါမယူလို။ သို့မှသာလျှင်အာဗြံအားကြွယ်ဝချမ်းသာစေ သောသူကား ငါပင်ဖြစ်၏ဟုသင်မဆိုနိုင်။ ငါ့ အတွက်မည်သည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှ မယူ။ ငါ၏လူများသုံးစွဲပြီးသမျှတို့ကို သာ ငါယူသည်ဟုထင်မှတ်ပါလော့။ သို့ရာတွင် ငါ၏မဟာမိတ်များဖြစ်ကြသောအာနေရ၊ ဧရှကောလနှင့်မံရေတို့ကိုမူကားသူတို့ ၏ဝေစုကိုခွဲယူကြပါစေ။ ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူသော အမြင့်ဆုံး သောထာဝရအရှင်ဘုရားသခင်ကိုတိုင် တည်၍ ငါမြွက်ဆိုပါသည်'' ဟုဖြေကြား လေ၏။
Genesis 17:7သင်နှင့်သင်၏အမျိုးအနွယ်အစဉ်အဆက်တို့ အား ငါထားသောကတိတော်ကိုထာဝရတည် မြဲသောပဋိညာဉ်ဖြစ်စေမည်။ ငါသည်သင်၏ ဘုရား၊ သင်၏အဆက်အနွယ်တို့၏ဘုရား ဖြစ်မည်။-
Genesis 22:20မကြာမီအာဗြဟံသည်သူ၏ညီနာခေါ်၏ မယားမိလခါတွင်သားရှစ်ယောက်ထွန်းကား ကြောင်းကြားသိရလေသည်။-
Genesis 26:28သူတို့က``ထာဝရဘုရားသည်သင်နှင့်အတူ ရှိကြောင်း ယခုငါတို့သိရပြီဖြစ်၍ ငါတို့ အချင်းချင်းကတိသစ္စာထားကြပါစို့။-
Genesis 31:42အကယ်၍အာဗြဟံနှင့်ဣဇာက်တို့ကိုးကွယ် သောဘုရားသခင်သည်ကျွန်ုပ်တို့နှင့်အတူ မရှိခဲ့လျှင် သင်သည်ကျွန်ုပ်ကိုလက်ချည်းသက် သက်စေလွှတ်လိုက်မည်ဖြစ်၏။ သို့သော်လည်း ဘုရားသခင်သည်ကျွန်ုပ်ခံရသောဆင်းရဲ ခြင်း၊ ပင်ပန်းစွာလုပ်ကိုင်ရခြင်းတို့ကိုသိ မြင်တော်မူသဖြင့်ယမန်နေ့ညကသင့်ကို ဆုံးမတော်မူပြီ'' ဟုလာဗန်အားဆိုလေ၏။