ကမ္ဘာဦးကျမ်း 37:28
ထိုအတောအတွင်းမိဒျန်အမျိုးသားကုန် သည်အချို့တို့ဖြတ်သန်းရောက်ရှိလာ၏။ သူ တို့သည်ယောသပ်အားတွင်းထဲမှဆွဲတင်၍ ဣရှမေလအမျိုးသားတို့ထံ၌ငွေသား ကျပ်နှစ်ဆယ်ဖြင့်ရောင်းလိုက်ကြသည်။ ထို ကုန်သည်တို့ကယောသပ်အားအီဂျစ်သို့ ခေါ်ဆောင်သွားလေသည်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 37:25ထိုနောက်သူတို့သည်ထိုင်၍အစာစားနေစဉ် ဂိလဒ်ပြည်မှ အီဂျစ်ပြည်သို့သွားမည့်ဣရှ မေလအမျိုးသားတစ်စုကိုမြင်ရကြ၏။ သူတို့၏ကုလားအုတ်များပေါ်တွင်နံ့သာမျိုး၊ ဗာလစံစေးနှင့်မုရန်စေးများကိုတင်ဆောင် လာကြ၏။-
Genesis 39:1ဣရှမေလအမျိုးသားတို့သည်ယောသပ်အား အီဂျစ်ပြည်သို့ခေါ်ဆောင်သွား၍ ပြည့်ရှင်ဖာရော ဘုရင်၏ကိုယ်ရံတော်တပ်မှူးပေါတိဖာထံ၌ ရောင်းကြ၏။-
Genesis 45:4ထိုနောက်ယောသပ်က``ကျွန်ုပ်အနားသို့လာကြ ပါ'' ဟုဆိုသဖြင့်သူတို့သည်ယောသပ်အနား သို့ချဉ်းကပ်လာကြ၏။ ယောသပ်က``ကျွန်ုပ်သည် သင်တို့အီဂျစ်ပြည်သို့ရောင်းလိုက်သောသင်တို့ ၏ညီယောသပ်ဖြစ်ပါသည်။-
Exodus 21:16``လူတစ်ယောက်ကိုရောင်းစားရန်ဖြစ်စေ၊ မိမိ ထံ၌ကျွန်စေစားရန်ဖြစ်စေအဋ္ဌမ္မဖမ်းဆီး သူအားသေဒဏ်ခံစေရမည်။
Numbers 25:15အမျိုးသမီး၏နာမည်မှာကောဇဘိဖြစ်၏။ သူ၏ဖခင်ဇုရသည်မိဒျန်သားချင်းစု တစ်စုတွင်အကြီးအကဲဖြစ်သည်။
Numbers 31:2``ဣသရေလအမျိုးသားတို့အတွက်မိဒျန် အမျိုးသားတို့အားလက်စားချေလော့။ ထို တာဝန်ကိုဆောင်ရွက်ပြီးနောက် သင်သည် အနိစ္စရောက်လိမ့်မည်'' ဟုမိန့်တော်မူ၏။