ကမ္ဘာဦးကျမ်း 38:18
သူက``မည်သည့်အာမခံကိုပေးရမည်နည်း'' ဟု မေး၏။ မိန်းမက``သင်၏တံဆိပ်ပါသောစလွယ်ကြိုးနှင့် လက်စွဲတောင်ဝှေးတို့ကိုအာမခံအဖြစ်ပေးပါ'' ဟုတောင်းလေ၏။ သူသည်ထိုပစ္စည်းများကိုထို မိန်းမအားပေး၍အတူတူအိပ်သဖြင့်ပဋိ သန္ဓေစွဲလေ၏။-
Common Language Bible
In The King James Version
In Context
19တာမာသည်အိမ်သို့ပြန်၍ပုဝါကိုချွတ်ပြီး လျှင် မုဆိုးမအဝတ်ကိုပြန်လည်ဝတ်ဆင် လေ၏။
Cross References
Genesis 38:25တာမာကိုအပြင်သို့ထုတ်ဆောင်လာကြသော အခါတာမာက``ကျွန်ုပ်သည်ဤပစ္စည်းများကို ပိုင်ဆိုင်သူနှင့်ကိုယ်ဝန်ရှိပါသည်။ ဤတံဆိပ် နှင့်စလွယ်ကြိုး၊ ဤတောင်ဝှေးတို့မှာမည်သူ့ ပစ္စည်းဖြစ်သည်ကိုကြည့်ပါ'' ဟူ၍ယောက္ခမ ထံသို့အကြောင်းကြားလိုက်လေ၏။
Jeremiah 22:24ထာဝရဘုရားသည် ယောယကိမ်၏သားယုဒ ဘုရင်ယေခေါနိအား``အကယ်၍သင်သည်ငါ ၏လက်ယာလက်တွင်ရှိသောတံဆိပ်လက်စွပ်ပင် ဖြစ်စေကာမူ ငါသည်အသက်ရှင်တော်မူသော ဘုရားဖြစ်သည်နှင့်အညီသင့်ကိုဆွဲချ၍၊-
Luke 15:22ဖခင်က `အကောင်းဆုံးသောဝတ်လုံကိုအမြန် ယူခဲ့၍သူ့အားဝတ်ပေးကြ။ သူ၏လက်၌လက် စွပ်ကိုဆင်ပေးကြ။ ဖိနပ်ကိုစီးပေးကြ။-