ကမ္ဘာဦးကျမ်း 41:30
ထိုနှစ်များလွန်လျှင်အစာခေါင်းပါးသော နှစ်ခုနစ်နှစ်ဆိုက်ရောက်လာပါလိမ့်မည်။ ထို အခါအစားအစာပေါကြွယ်ဝသောနှစ် များကိုလူတို့သတိရကြလိမ့်မည်မဟုတ်။ အစာခေါင်းပါးခြင်းဘေးကြောင့်တစ်ပြည် လုံးပျက်စီးရလိမ့်မည်။-
Common Language Bible
In The King James Version
In Context
29အီဂျစ်ပြည်တစ်ပြည်လုံးတွင်အစားအစာ ပေါကြွယ်ဝသောနှစ်ခုနစ်နှစ်ရှိပါလိမ့်မည်။-
Cross References
Genesis 41:27နောက်မှတက်လာသောနွားခုနစ်ကောင်နှင့် အလုံးသေး၍ သဲကန္တာရ၏လေပူဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံတို့သည် အစာခေါင်းပါးသည့်ခုနစ်နှစ်ကိုဆိုလို ပါ၏။-
Genesis 41:54ထိုနောက်ယောသပ်ပြောခဲ့သည့်အတိုင်းအစာ ခေါင်းပါးသောခုနစ်နှစ်ကပ်ဆိုက်ရောက်လာလေ ၏။ အခြားသောတိုင်းပြည်အသီးသီးတို့တွင် လည်းအစာခေါင်းပါးခြင်းကပ်ကျရောက်လျက် ရှိသည်။ သို့ရာတွင်အီဂျစ်ပြည်၌ရိက္ခာရှိလျက် ပင်။-
Genesis 47:13အစာခေါင်းပါးခြင်းကပ်သည်အလွန်ဆိုးရွား ရကားစားနပ်ရိက္ခာပြတ်လပ်ကုန်သဖြင့် အီဂျစ် ပြည်နှင့်ခါနာန်ပြည်ရှိလူအပေါင်းတို့သည် အစာငတ်မွတ်သည့်ဒဏ်ကိုအလူးအလဲခံရ ကြ၏။-
1 Kings 17:1ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယဆိုသူ ပရောဖက်က အာဟပ်မင်းအား``မိုးရွာမည်ဟု ငါမပြောမချင်းလာမည့်နှစ်နှစ်သုံးနှစ်တွင် မိုးခေါင်လိမ့်မည်။ ဆီးနှင်းလည်းကျလိမ့်မည် မဟုတ်ကြောင်း ငါကိုးကွယ်၍အသက်ရှင်တော် မူသောဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍သင့် အားငါဆို၏'' ဟုဆင့်ဆိုလေသည်။
Psalms 105:16ကိုယ်တော်သည်သူတို့ပြည်၌ငတ်မွတ်ခေါင်းပါး ခြင်း ဘေးဆိုက်ရောက်စေတော်မူသဖြင့် စားနပ်ရိက္ခာပြတ်လပ်သွားသောအခါ
Isaiah 65:16ပြည်တော်တွင်ကောင်းချီးမင်္ဂလာခံယူလိုသူ မှန်သမျှသည်သစ္စာတော်အရှင်၊ ဘုရားသခင် ၏ကောင်းချီးမင်္ဂလာကိုတောင်းခံကြလိမ့်မည်။ ကျိန်ဆိုပြောဆိုသူမှန်သမျှသည်လည်း သစ္စာတော်အရှင်၊ ဘုရားသခင်၏နာမတော် ကိုတိုင်တည်ကျိန်ဆိုကြလိမ့်မည်။ အတိတ် ကာလကဆင်းရဲဒုက္ခများသည်ကွယ်ပျောက် သွားလိမ့်မည်။ ယင်းတို့ကိုလူတို့သည်မေ့ လျော့သွားကြလိမ့်မည်'' ဟုမိန့်တော်မူ၏။