ကမ္ဘာဦးကျမ်း 47:13
အစာခေါင်းပါးခြင်းကပ်သည်အလွန်ဆိုးရွား ရကားစားနပ်ရိက္ခာပြတ်လပ်ကုန်သဖြင့် အီဂျစ် ပြည်နှင့်ခါနာန်ပြည်ရှိလူအပေါင်းတို့သည် အစာငတ်မွတ်သည့်ဒဏ်ကိုအလူးအလဲခံရ ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 41:30ထိုနှစ်များလွန်လျှင်အစာခေါင်းပါးသော နှစ်ခုနစ်နှစ်ဆိုက်ရောက်လာပါလိမ့်မည်။ ထို အခါအစားအစာပေါကြွယ်ဝသောနှစ် များကိုလူတို့သတိရကြလိမ့်မည်မဟုတ်။ အစာခေါင်းပါးခြင်းဘေးကြောင့်တစ်ပြည် လုံးပျက်စီးရလိမ့်မည်။-
1 Kings 18:5အာဟပ်သည်သြဗဒိအား``မြင်းနှင့်လားများ မသေစေခြင်းငှာ မြက်တောတွေ့ကောင်းတွေ့နိုင် ရန်တစ်ပြည်လုံးရှိစမ်းရေတွင်းနှင့်ချောင်းများ ရှိရာအရပ်ရပ်သို့ ငါတို့သွား၍ကြည့်ရှုကြ ကုန်အံ့။'' ဟုဆို၏။-
Jeremiah 14:1မိုးခေါင်ခြင်းနှင့်ပတ်သက်၍ထာဝရဘုရား သည် ငါ့အားမိန့်တော်မူသည်ကား၊
Lamentations 4:9စစ်ပွဲတွင်ကျဆုံးသေကြေရသူတို့သည် အစာရေစာပြတ်၍ ဆက်လက်အသက်မရှင်နိုင်တော့ဘဲ တဖြည်းဖြည်းငတ်မွတ်သေဆုံးသူများထက် သာ၍ကောင်းသေးသည်။
Acts 7:11အီဂျစ်ပြည်နှင့်ခါနန်ပြည်တို့တွင် အစာငတ် မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်သဖြင့် အတိဒုက္ခရောက်ကြကုန်၏။ ငါတို့၏ဘိုး ဘေးတို့မှာအစာရေစာမရှိကြတော့ ချေ။-