ကမ္ဘာဦးကျမ်း 41:36
အီဂျစ်ပြည်တွင်အစာခေါင်းပါးသောခုနစ် နှစ်အတွက် ထိုရိက္ခာကိုသိုလှောင်ထားသော အားဖြင့် အီဂျစ်ပြည်သူပြည်သားတို့သည် အစာငတ်သည့်ဘေးမှလွတ်မြောက်နိုင်ပါ လိမ့်မည်'' ဟုဖာရောဘုရင်အားလျှောက်ထား လေ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 47:13အစာခေါင်းပါးခြင်းကပ်သည်အလွန်ဆိုးရွား ရကားစားနပ်ရိက္ခာပြတ်လပ်ကုန်သဖြင့် အီဂျစ် ပြည်နှင့်ခါနာန်ပြည်ရှိလူအပေါင်းတို့သည် အစာငတ်မွတ်သည့်ဒဏ်ကိုအလူးအလဲခံရ ကြ၏။-
Genesis 47:19ကျွန်တော်တို့အစာငတ်၍မသေပါရစေနှင့်။ ကျွန်တော်တို့လယ်များလည်းပျက်ပြုန်းခြင်း မဖြစ်ပါစေနှင့်။ ကျွန်တော်တို့အားရိက္ခာပေး သည့်အတွက် ကျွန်တော်တို့နှင့်ကျွန်တော်တို့၏ လယ်မြေများကိုဝယ်တော်မူပါ။ ကျွန်တော်တို့ သည်ဖာရောဘုရင်ထံ၌ကျွန်ခံပါမည်။ လယ်မြေ များကိုလည်းဘုရင်လက်သို့အပ်ပါမည်။ ကျွန် တော်တို့အသက်မသေစေရန်လည်းကောင်း၊ လယ် များတွင်စိုက်ပျိုးနိုင်ရန်လည်းကောင်းစပါး ကိုပေးတော်မူပါ'' ဟုလျှောက်ကြလေ၏။