ကမ္ဘာဦးကျမ်း 43:16
ယောသပ်သည်သူတို့နှင့်အတူဗင်္ယာမိန်ပါ လာသည်ကိုမြင်လျှင် သူ၏အိမ်တော်ဝန်အား``ဤ သူတို့ကိုငါ့အိမ်သို့ခေါ်ဆောင်သွားလော့။ သား ကောင်တစ်ကောင်ကိုသတ်၍ဟင်းလျာပြင်လော့။ ငါသည်သူတို့နှင့်နေ့လည်စာကိုသုံးဆောင် မည်'' ဟုစေခိုင်းလေ၏။-
Common Language Bible
In The King James Version
In Context
17အိမ်တော်ဝန်သည်စေခိုင်းသည့်အတိုင်းထို သူတို့ကိုယောသပ်၏အိမ်သို့ခေါ်ဆောင်ခဲ့ လေ၏။
Cross References
Genesis 15:2သို့ရာတွင်အာဗြံက``အရှင်ထာဝရဘုရား အကျွန်ုပ်တွင်သားမထွန်းကားသဖြင့် ကိုယ် တော်၏ဆုကိုအဘယ်သို့ခံစားရပါမည်နည်း။ ဒမာသက်မြို့သားဧလျာဇာသည်သာလျှင် အကျွန်ုပ်၏အမွေခံဖြစ်ပါ၏။-
Genesis 24:2သူသည်သူ၏ပစ္စည်းဥစ္စာအားလုံးတို့ကိုအုပ် ထိန်းရသော အသက်အကြီးဆုံးအစေခံကို ခေါ်လျက်``သင်၏လက်ကိုငါ့ပေါင်အောက်မှာ ထား၍သစ္စာဆိုလော့။-
Genesis 31:54သူသည်တိရစ္ဆာန်တစ်ကောင်ကိုသတ်၍တောင် ပေါ်တွင်ယဇ်ပူဇော်ပြီးလျှင်သူ၏သားချင်း တို့ကိုဖိတ်ခေါ်လျက်စားကြ၏။ ထိုသို့စား သောက်ကြပြီးနောက်သူတို့သည်တောင်ပေါ် တွင်ညအိပ်ကြ၏။-
Genesis 43:19သို့ဖြစ်၍သူတို့သည်အိမ်တံခါးဝသို့ ရောက်သောအခါ ယောသပ်၏အိမ်တော်ဝန်အား၊-
Genesis 44:4သူတို့သည်မြို့နှင့်မလှမ်းမကမ်းသောအရပ် သို့ရောက်ကြသောအခါယောသပ်က သူ၏အိမ် တော်ဝန်အား``ထိုသူတို့နောက်သို့အမြန်လိုက်လော့။ သူတို့ကိုမီသောအခါ`သင်တို့သည်အဘယ် ကြောင့်ကျေးဇူးရှင်ကိုကျေးစွပ်ရသနည်း။-
Proverbs 9:2သူ၏အကောင်များကိုသတ်၍၊ စပျစ်ရည်ကို ဘော်ပြီးမှ စားပွဲကို ခင်းလေပြီ။