ကမ္ဘာဦးကျမ်း 43:32
ယောသပ်အဖို့စားပွဲတစ်ပွဲ၊ သူ၏အစ်ကိုတို့ အဖို့စားပွဲတစ်ပွဲ၊ အီဂျစ်အမျိုးသားတို့ အဖို့စားပွဲတစ်ပွဲတည်ခင်းကြ၏။ အီဂျစ် အမျိုးသားတို့သည်ဟေဗြဲအမျိုးသားတို့ နှင့်အတူစားသောက်လျှင် ဂုဏ်သိမ်သည်ဟု ယူဆကြသောကြောင့်ဟေဗြဲအမျိုးသား တို့နှင့်အတူတူမစားကြ။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 31:54သူသည်တိရစ္ဆာန်တစ်ကောင်ကိုသတ်၍တောင် ပေါ်တွင်ယဇ်ပူဇော်ပြီးလျှင်သူ၏သားချင်း တို့ကိုဖိတ်ခေါ်လျက်စားကြ၏။ ထိုသို့စား သောက်ကြပြီးနောက်သူတို့သည်တောင်ပေါ် တွင်ညအိပ်ကြ၏။-
Genesis 46:34ကျွန်တော်မျိုးတို့သည်ဘိုးဘေးများလက်ထက် မှစ၍ ယနေ့အထိသိုးနွားများကိုမွေးမြူသူ များဖြစ်ကြပါသည်ဟုလျှောက်ရမည်။ သို့မှ သာလျှင်သင်တို့အားဂေါရှင်အရပ်၌နေထိုင် ခွင့်ပေးလိမ့်မည်'' ဟူ၍မှာကြားလေ၏။ အီဂျစ် အမျိုးသားတို့သည် သိုးထိန်းများကိုစက်ဆုတ် ရွံရှာကြသောကြောင့်ယောသပ်ကထိုသို့ပြော ခိုင်းခြင်းဖြစ်သည်။