ကမ္ဘာဦးကျမ်း 43:8
ယုဒကအဖအား``သူငယ်ကိုကျွန်တော်နှင့် အတူထည့်လိုက်ပါ။ ယခုပင်ခရီးစထွက် ကြပါမည်။ သို့မှသာကျွန်တော်တို့အားလုံး အစာမငတ်ဘဲအသက်ချမ်းသာရာရ ကြပါမည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 42:38သို့ရာတွင်ယာကုပ်က``ငါ့သားကိုသင်တို့နှင့် အတူမလွှတ်နိုင်။ သူ၏အစ်ကိုသေဆုံးပြီဖြစ် ၍သူတစ်ယောက်တည်းကျန်ရစ်သည်။ ငါသည် အသက်အရွယ်အိုမင်းပါပြီ။ အကယ်၍ခရီး လမ်းတွင်သူသည်ဘေးဥပဒ်နှင့်တွေ့ကြုံရ သော် ငါသည်ဝမ်းနည်းကြေကွဲလျက်သေ ရပါမည်'' ဟုဆိုလေ၏။
Genesis 45:19သူတို့၏သားမယားများကိုတင်ဆောင်လာရန် အတွက် အီဂျစ်ပြည်မှလှည်းများကိုလည်းယူ သွားကြပါစေ။-
Genesis 50:21မစိုးရိမ်ကြပါနှင့်။ ကျွန်ုပ်သည်သင်တို့နှင့် သင်တို့၏သားသမီးများအားကြည့်ရှုစောင့် ရှောက်ထားပါမည်'' ဟုဆိုလေ၏။ ဤနည်းအား ဖြင့်ယောသပ်သည်ညီအစ်ကိုတို့အားနှစ်သိမ့် စကားပြော၍စိတ်ချမ်းသာရာရစေလေ၏။
Numbers 14:31သင်တို့၏သားသမီးများကိုရန်သူဖမ်းသွား လိမ့်မည်ဟုသင်တို့ဆိုကြ၏။ သို့ရာတွင်ငါ သည်သင်တို့မသွားလိုသောပြည်သို့သင်တို့ ၏ကလေးများကိုပို့ဆောင်သဖြင့် သူတို့ သည်ထိုပြည်တွင်နေထိုင်ရလိမ့်မည်။-
2 Kings 7:4မြို့ထဲသို့ဝင်လျှင်ငါတို့အစာငတ်၍သေရ မည်။ ဤအရပ်တွင်နေလျှင်လည်းသေရကြမည်။ ထို့ကြောင့်ရှုရိတပ်စခန်းသို့ငါတို့သွားကြ ကုန်အံ့။ သူတို့ထားလျှင်ရှင်ရမည်။ သတ်လျှင် သေရမည်'' ဟုအချင်းချင်းပြောဆိုကြ၏။-
Ezra 8:21ဘုရားသခင်သည်ငါတို့ခရီးပြုရာတွင် ရှေ့ဆောင်လမ်းပြတော်မူ၍ငါတို့နှင့်တကွ သားသမီးများနှင့်ပစ္စည်းဥစ္စာများကိုကာကွယ် စောင့်ရှောက်တော်မူစိမ့်သောငှာ ငါတို့ရှိသမျှ သည်ကိုယ်တော်၏ရှေ့တော်၌စိတ်နှလုံးနှိမ့်ချ လျက် အစာရှောင်ကြရန်ထိုအဟာဝတူး မြောင်းအနီးတွင် ငါအမိန့်ထုတ်ပြန်ခဲ့၏။-