ကမ္ဘာဦးကျမ်း 44:14
ယုဒနှင့်ညီများတို့သည် ယောသပ်၏အိမ်သို့ ရောက်ရှိကြသောအခါ ယောသပ်သည်အိမ်၌ ရှိနေသေး၏။ သူတို့သည်ယောသပ်၏ရှေ့တွင် ပျပ်ဝပ်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 37:7ကျွန်တော်တို့သည်လယ်ထဲ၌ကောက်လှိုင်းများ ကိုစည်းနေကြစဉ် ကျွန်တော်၏ကောက်လှိုင်းစည်း သည်လဲရာမှထောင်မတ်လာ၏။ အစ်ကိုတို့၏ ကောက်လှိုင်းစည်းများသည်ကျွန်တော်၏ကောက် လှိုင်းစည်းကိုဝိုင်းလာပြီးလျှင်ဦးညွှတ်ရှိခိုး ကြပါသည်'' ဟုပြောပြလေ၏။
Genesis 43:16ယောသပ်သည်သူတို့နှင့်အတူဗင်္ယာမိန်ပါ လာသည်ကိုမြင်လျှင် သူ၏အိမ်တော်ဝန်အား``ဤ သူတို့ကိုငါ့အိမ်သို့ခေါ်ဆောင်သွားလော့။ သား ကောင်တစ်ကောင်ကိုသတ်၍ဟင်းလျာပြင်လော့။ ငါသည်သူတို့နှင့်နေ့လည်စာကိုသုံးဆောင် မည်'' ဟုစေခိုင်းလေ၏။-
Genesis 50:18ထိုနောက်ယောသပ်၏ညီအစ်ကိုတို့သည်သူ့ ထံသို့ဝင်ရောက်၍ရှေ့တွင်ပျပ်ဝပ်လျက်``ကိုယ် တော်၏ကျွန်များရှေ့တော်သို့ရောက်ရှိနေ ကြပါသည်'' ဟုလျှောက်ကြ၏။